Crush's problems

303 47 0
                                    

"ဂျောင်ကု နင့်မိန်းမနဲ့စိတ်ဆိုးတိုင်းငါ့နားလာမနေနဲ့ ငါပါ အမှုပတ်ခံနေရမယ်"

မိန်းမကရနေပြီ...
အရင်အတိုင်း သူမအခန်းထဲ ဝင်ကာ ဆိုဖာပေါ်ပိုးလိုးပက်လက်လုပ်နေတဲ့ ဂျောင်ကုကို သိပ်ပြီးကြည့်မရတော့...
ငယ်ငယ်ကတည်းက ခင်ခဲ့ရတဲ့ ခရက်ရှ်ခဲ့ရတဲ့ ဂျောင်ကုက
သူမအခန်းကို သူ့အခန်းလို အမြဲဝင်ထွက်နေကြ...
အရင်ကတည်းက မဝင်ပါနဲ့ဆိုတာပြောလို့မရ...
အခုဆို ပိုဆိုး...
သူကမိန်းမနဲ့မဟုတ်လား?...
ပြီးတော့ ဒါနဲ့ဆို သူမ အဖွားရွာက ပြန်လာပြီး တစ်လအတွင်း လာတာ သုံးကြိမ်မြောက်...

"အား! မသိဘူး နင်စဥ်းစားကြည့် ငါကလေးလိုချင်တယ်လို့ပြောတာ စိတ်ဆိုးစရာလား"

ဂျောင်ကု သူ့မိန်းမနဲ့စိတ်ဆိုးတိုင်း ရောက်ရောက်လာတာ ကိုယ်ကပဲ တရားသူကြီးလိုလို...
ကိုယ့်ဘာသာအဖြေမရှာဘဲ သူမအိမ်ပဲရောက်လာတာကို ကန်သာထုတ်ပစ်လိုက်ချင်သည်။
ငါ့ကိုကျ ပြန်မကြိုက်ဘဲ တခြားသူကိုကျ လက်ထပ်ပြီး အခုကျတော့ သူတို့လင်မယားပြဿနာကိုပါ ကိုယ့်ကို လာဖြေရှင်းခိုင်းနေသေးသည်။
အရမ်းတွေကို တရားပါပေတယ်...

"ဟဲ့ ဂျောင်ကု နင်အဲ့လိုပဲ လုပ်မနေနဲ့ နောက်ပိုင်းကျရင် ငါ့ကိုပါ ပြဿနာရှာလာရင် ဒုက္ခပဲ"

"နင်ကလည်း နင့်ပတ်မှာပဲ စိုးရိမ်နေတာ ငါ့ကိုလည်း သနားပါဦး"

"ဟဲ့အကောင်! နင့်ပြဿနာလေဟဲ့"

"တော်! နင်နဲ့ရန်ဖြစ်ဖို့အချိန်မရှိဘူး"

ကိုယ့်ရဲ့ပြဿနာကို ကိုယ်ဖြေရှင်းရမယ်မရှိ
သူ့ပြဿနာပဲ ဖြေရှင်းပေးနေရတယ်
အခက်မသင့်လို့ သူ့မိန်းမက ကိုယ့်ကိုပါ လာပတ်နေမှ ဒုက္ခကရောက်ဦးမယ်...
မဖြစ်ပါဘူး ရည်းစားလေးရှာမှပါ...

"ဒါနဲ့ နင်က သူအဲ့ဒါနဲ့စိတ်ဆိုးတယ်လို့ဘာလို့ထင်နေတာလဲ"

"ငါ သူဟင်းချက်နေတဲ့အချိန် အဲ့ဒါပြောလိုက်တော့ စိတ်ဆိုးပြီး အပေါ်ထပ်ဒုန်းဒိုင်းနဲ့တက်သွားတာ ငါ့မှာအမြန် ချက်လက်စ ဟင်းတွေကို ချလိုက်ပြီး အမြန်လိုက်သွားတော့ အခန်းတံခါးပိတ်ပြီး မလာနဲ့လို့အော်တာနဲ့ စိတ်ညစ်ပြီးဒီလာတာလေ"

Stolen SweetheartWhere stories live. Discover now