Disappointed trip

342 50 8
                                    

"မိယောင်းအူ! ငါဟိုဘက်အိမ်သွားလည်မလို့ အိမ်ရှေ့နားစွင့်ထားဦး"

တီဗီကြည့်နေသော သူမကို အိမ်ကထွက်ခါနီးပြောနေသော အမေကြောင့် သူမ တီဗီကြည့်ရင်းသာ ပြန်ပြောလိုက်သည်။

"ဘာလို့သွားမှာလဲ ရှုပ်ရှုပ်ယှက်ယှက် အမေရာ!"

"ဘာလို့သွားရမှာလဲ သွားလည်မလို့ပေါ့ ညည်းနဲ့နေရင် အသက်တိုလိမ့်မယ်"

"သဘော! သဘော!"

"သွားပြီ"ဆိုကာ ထွက်သွားတဲ့ အမေ့ကို နားမလည်စွာ ကြည့်မိသည်။
ဟိုဘက်အိမ်က သူ့ကို ဘာဆေးကျွေးထားလည်း
မသိ..
နေ့တိုင်း အဲ့အိမ်ကို သူ့မှာ သွားရတာအမော..
ရိုးလည်းမရိုးနိုင်....အဖေ့နားတိုင်ပြောမယ်ဆိုလည်း အဖေကလည်း သူဘာလုပ်လုပ်ခွင့်ပြုတယ်ဆိုပဲ..

ထို့နောက် ခုနက ကြည့်လက်စ ဇာတ်ကားကိုသာပြန်ကြည့်ရင်း ရုတ်တရက်ခေါင်းထဲ၀င်လာသော ထိုလူသား..
ဟိုတစ်နေ့က မုန့်ပို့ပြီး ပြန်လာလာချင်းစိတ်တိုတာနဲ့ ၀ရံတာထွက်ကာ စိတ်ပြေလက်ပျောက် မုန့်ထွက်စားတုန်း သူမအခန်းနဲ့မျက်နှာချင်း‌ဆိုင် အဲ့အိမ်ရဲ့ အခန်းတံခါးကိုဖွင့်လိုက်တဲ့သူ...
အဲ့အချိန်မှာ ရေချိုးပြီးကာစ ထွက်လာပုံရတဲ့သူက ဆံပင်များက ရေစိုနေလျက်
ရေစိုလက်စ မျက်နှာက ပုံမှန်သူတို့ထက်ပို၍ ဆွဲဆောင်မှုရှိနေမှန်း သူမမြင်တွေ့လိုက်ရသည်။
အခုလိုသော ရေစက်မျိုးနဲ့သာမဟုတ်ရင်
သဘောကျမိမှာအမှန်ပင်...
အခုတော့ နိုးပါပဲ...

အဲ့နေ့က စိတ်ရှုပ်စရာ တစ်ခုထပ်သိလိုက်ရသည်က သူမနဲ့မျက်နှာချင်းဆိုင်အခန်းက သူ့အခန်းတဲ့
ဘယ်လိုရေစက်မှန်းကိုမသိ...

ဇာတ်ကားကိုကြည့်နေရင်း သူ့ကိုတွေးလိုက်မိတာကိုပဲ ကိုယ့်ကိုယ်ဖြတ်ရိုက်လိုက်ချင်သည်။

"ချီးပဲ ဘာလို့သူ့ကိုသွားတွေးနေမိတာလဲ.."

ထို့နောက် ဘေးက ပေါက်ပေါက်စုပ်ကို လှမ်းယူလိုက်ရင်း ထိုလူသားကို ခေါင်းထဲက ထုတ်ကာ တီဗီသာပြန်ကြည့်နေလိုက်သည်။

💕💕💕

"အမေ! လာဆွဲကူဦး"အိမ်အောက်ထပ်မှာ တီဗီထိုင်ကြည့်နေတဲ့ အမေ့ကိုလှမ်းအော်တော့

Stolen SweetheartWhere stories live. Discover now