Exciting

250 30 1
                                    

မျက်လုံးအိမ်က လေးပင်စွာဖြင့် ဖွင့်ကြည့်ချိန် စူးထိုးလာသော အလင်းရောင်ကြောင့် တစ်ဖန် ပြန်မှိတ်ပြီး ညည်းညူမိသည်။
နှာခေါင်းထဲ ဝင်လာသော အနံ့တစ်ချို့နှင့် စူးခနဲနာသွားသော လက်ဖမိုးကြောင့် သူမ သိလိုက်သည်က ဆေးရုံရောက်နေတယ်ဆိုတာပါပဲ..

ဒါကတော့ ထုံးစံအတိုင်း ကင်မ်နမ်ဂျွန်းတို့လက်ချက်ဆိုတာ အသိအသာပင်။
ဖျော်ရည်သောက်နေချိန်တုန်းက အနံ့တစ်ခုရပြီး ထူးထူးဆန်းဆန်း အရသာဖြစ်နေပေမယ့် သူမကိုက အမှတ်မရှိဘဲ သောက်မိသွားတာ..
တကယ်ဆို ကင်မ်နမ်ဂျွန်းရှိနေတာနဲ့ ဘာပဲသောက်သောက် ဘာပဲစားစား သတိထားရမှာ..
အခုတော့ ဆေးရုံနဲ့ နှစ်ပါးသွားရပြန်သည်။

အခုလည်း မူးဝေနေသော ခေါင်းကို လက်ဖြင့် ထိန်းကိုင်လိုက်ရင်း ကုတင်ခေါင်းရင်းကို မှီကာ ထိုင်လိုက်သည်။ပြီးမှ အခန်းထဲဝှေ့ပတ်ကြည့်မိသည်။

ဟမ်? ယွန်းဂီ?

တစ်ဖက်ဆိုဖာခုံရှည်လေးပေါ်တွင် ကွေးကွေးလေးအိပ်နေသော ယွန်းဂီကြောင့် မျက်လုံးနှစ်ဖက်လုံး ပွတ်ပြီး ထပ်ကြည့်မိသည်။

အမြင်များမှားနေတာလား? ယွန်းဂီက ဘယ်လိုလုပ်?

အခန်းထဲ ဝှေ့ကြည့်မိတော့လည်း ဘယ်သူမှမရှိ..
ရုတ်တရက် နံရံပေါ်က နာရီလေးကို ကြည့်မိတော့ မနက်ခင်း ၆နာရီ

အို! ငါ နေ့လည်ကစပြီး အခုချိန်ထိ အိပ်နေမိတာလား
အို! ရွှတ် ရွှတ်...
မူးလိုက်တဲ့ ခေါင်း~

ထို့နောက် မူးနေသော ခေါင်းကို လက်ဖြင့် ထိန်းကာ အနည်းငယ် နှိပ်လိုက်ရင်း ကုတင်ပေါ်က ဆင်းလာလိုက်တော့သည်။

လက်က အပ်နဲ့ကြိုးတွေကလည်း ရှုပ်လိုက်တာ..
ဖြုတ်ပစ်လိုက်ချင်နေပြီ..
သို့သော် ဖြုတ်လိုက်ရင် မရှိတဲ့အားက ပြန်ပြီး လှဲကျသွားမှာမို့ လက်တွင်ချိတ်ထားသော အပ်ကို သတိထားရင်း ဘေးနားက glucose ချိတ်ထားသော တိုင်ပါ ဆွဲယူပြီး ယွန်းဂီဆီ လျှောက်သွားလိုက်သည်။

ယွန်းဂီနားလေးရောက်တော့ ဆိုဖာက နိမ့်တာကြောင့် ငုတ်တုတ်လေးထိုင်မိရင်း ယွန်းဂီရဲ့ မျက်နှာကို စိုက်ကြည့်နေမိသည်။
ဘယ်လိုသိပြီး ရောက်လာတာလဲ?
အမေများ ပြောလိုက်တာလား?

Stolen SweetheartWhere stories live. Discover now