Consequence

333 51 2
                                    

မနက်ခင်းရဲ့ နေရောင်ခြည်က ပြတင်းပေါက်မှ တစ်ဆင့် ဆင့်ဝင်လာတော့ အိပ်လို့မရတဲ့အတူတူ ထလာလိုက်တော့သည်။
နာရီကို ကြည့်လိုက်တော့ ၆နာရီ..
ထို့နောက် အိပ်ရာမှ ထလာလိုက်ရင်း မိမိအခန်းမှတစ်ဖက်ကအိမ်ရဲ့ မျက်နှာချင်းဆိုင်အခန်းလေးကို လှမ်းကြည့်လိုက်တော့ ပြတင်းပေါက်တွေဖွင့်ထားလေရဲ့...

"ထပြီလား?"

ထိုသို့သော မေးခွန်းကို တွေးရင်း မိမိအခန်းရဲ့ ပြတင်းပေါက်ဖွင့်ကာ လှမ်းကြည့်မိသည်။
အခန်းထဲတွင် လူအရိပ်အယောင်ဆိုလို့ တစိုးတစိမှမရှိ..

"အလုပ်သွားလိုက်ပြီလား အစောကြီးရှိသေးတာကို"

အားမရခြင်းများစွာနဲ့အတူ အနည်းငယ် ထပ်ကြည့်လိုက်သေးသည်။

"တကယ် သွားလိုက်ပြီပဲ"
ဤသို့ဖြင့် မနေ့က ကိုယ်မပြောခဲ့မိတာကို စိတ်ပျက်စွာ တွေးနေမိရင်း ဝရံတာဆီသို့ ထွက်လာလိုက်သည်။

ဝရံတာဆီ ထွက်ကြည့်တော့လည်း ဘေးအိမ်ကို လှမ်းကြည့်မိလိုက်သေးသည်။
ခြံဝန်းထဲမှာ သူမများ ရှိလို့ရှိငြား~

သို့သော်ခြံဝန်းထဲမှာလည်း သူမမွေးထားသော ခွေးလေးတစ်ကောင်မှ လွှဲ၍ လူအရိပ်ဆိုလို့ တစိုးတစိမှမရှိ..

ဟူး~ မနေ့က သေချာပြောခဲ့လိုက်ရရင်ကောင်းသား~

ယွန်းဂီ သူမကို ဘယ်လိုသဘောကျမိခဲ့တာလည်း ပြန်စဥ်းစားကြည့်တော့ အဖြစ်နိုင်ဆုံးသော အခြေအနေက သူမနဲ့ အစကတည်းက ရန်ဖြစ်တဲ့အချိန်တွေကတည်းကဟု ထင်မှတ်မိသည်။
ဖြစ်ဖူးတယ်မလား အကြောင်းအရင်းမရှိ သူ့ကိုပဲ တွေးနေမိတာမျိုး~
ကြိုက်တာလည်း မဟုတ်ပါဘဲ အမြဲရန်ဖြစ်နေခဲ့တဲ့အချိန်တွေကတည်းက အကြောင်းအရင်းမရှိ သူမကို လိုက်ရှာနေမိတာမျိုး~
တစ်ခုခုဆို လူတွေကြားထဲလည်း သူမကိုပဲ အရင်ရှာတွေ့နေမိတာမျိုး~

ကံကြမ္မာရဲ့ လမ်းခင်းပေးမှုဖြစ်မည်....

ထိုသို့ လမ်းခင်းပေးနေတာတောင် ဒီငတုံးကောင်က ဘာဆိုဘာမှမသိ~
တကယ်ကို ကိုယ့်ကိုယ် အားမရမှုများနှင့် စိတ်ပျက်မှုများပါ ရောယှက်လျက် သူမရဲ့ခြံဝန်းထဲကိုသာ စိုက်ကြည့်နေမိသည်။

Stolen SweetheartWhere stories live. Discover now