Finally..

305 36 1
                                    

ဂျောက်~ ဂျက်~ ဂျောက်~ ဂျက်
သူဟာ နာရီကိုပဲ အမြဲကြည့်နေမိလို့လားမသိ
နာရီလက်တံဟာ ပိုပြီး မြည်ဟီးလာတော့သည်။

ဒီနေ့ဟာ သူမ အဖြေပေးမယ့်နေ့
မနေ့က ဆေးရုံက ဆင်းလာပြီး သူ့ကို ဒီနေ့ ညနေလမ်းထိပ်က ပန်းခြံတွင် တွေ့မည်ပြောထားသည်။
အခုမှ နေ့လည်သာ ရှိသေးတာကြောင့် လူက မရိုးမရွဖြစ်နေရသည်။
တကယ်ဆိုရင် မိဘတွေက သူတို့ကို စေ့စပ်ပေးဖို့ ရက်တောင် ရွေးနေကြပြီဖြစ်သည်။
သို့သော် သူကိုယ်က သူမဆီက ချစ်တယ်ဆိုတဲ့စကားကို ကြားရမှသာ စေ့စပ်ကြောင်း သဘောတူမယ်လို့ အမေ့ကို ပြောထားသည်။
ကိုယ်ချစ်ရသူကို ပိုင်ဆိုင်ရလျှင်လည်း သူမဘက်က လိုလိုလားလားနဲ့လက်ခံမှသာ သူ ပိုင်ဆိုင်လိုသည်။
ဒါကြောင့် သူမရဲ့ အဖြေကို အရူးတစ်ယောက်လို စောင့်စားနေမိတာ~~

ထိုနေ့~ သူမ ခွဲခန်းထဲက ထွက်လာပြီး အိပ်ပျော်နေတဲ့အချိန်မှာ သူမရဲ့ အစ်ကိုဖြစ်သူ ပြောကြားချက်အရ အကုန်သိခဲ့ရတဲ့အပြင် သူ သိချင်နေတဲ့အကြောင်းတွေကိုပါ ဖြေခဲ့လို့ ယွန်းဂီ သူမကို
ဖွင့်ပြောခဲ့တာပင်...
သူမရဲ့အစ်ကိုဖြစ်သူက ဆေးတိုက်လိုက်မိတဲ့ အကြောင်းအရင်းမှန်ကို ပြောပြတဲ့အတွက် စိတ်တိုမိတာကတစ်ကြောင်း ပျော်မိတာက တစ်ကြောင်းဖြစ်ရသေးသည်။
စိတ်တိုတာကတော့ သူမကို သူ့ရဲ့ရူးကြောင်ကြောင်နိုင်တဲ့ ဆေးတိုက်လို့ဆိုတဲ့ အကြောင်းအရင်းဖြစ်သည်။
ပျော်မိတာကတော့ သူမက သူ့အားသဘောကျနေသည့်အကြောင်း ကြားလိုက်ရလို့ပင်..
ဒါကြောင့် အပျော်တွေလွန် အသေအချာတွေ ကောက်ချက်ချပြီး ဖွင့်ပြောလိုက်ကာမှ သူမရဲ့အပြုအမူကြောင့် ကမ္ဘာပျက်မတတ်ဖြစ်သွားရသေးသည်။
ဘယ်အချိန်ကတည်းက သူမရဲ့ မျက်နှာရိပ် မျက်နှာကဲကို လိုက်ကြည့်နေမိမှန်း ယွန်းဂီမခန့်မှန်းတတ်တော့ချေ။
အစကဆို ထိုသို့သော အကျင့်မရှိတဲ့သူပါလေ~
သူမနဲ့ကျမှပဲ တဖြည်းဖြည်း ပြောင်းလဲလာမိမှန်း သတိထားမိသည်။

အခုချိန်ထိ ဟိုတွေးလိုက် ဒီတွေးလိုက်နဲ့ မလှုပ်မရွဖြစ်နေသည်ကို အိမ်ကို အလည်လာတဲ့ ဂျောင်ကုက ဆိုဖာပေါ်ကနေ သူ့ကိုကြည့်ကာ နှာခေါင်းကရှုံ့သေးသည်။ သူက မိန်းမရပြီးပြီဆိုတော့ ဒီလိုအဖြစ်ကို နှောကြေရောပေါ့....ကိုယ်ကတော့ အခုမှ ပထမဆုံးအချစ်လေ~~~

Stolen SweetheartWhere stories live. Discover now