Why?

318 50 2
                                    

"စီနီယာဟန် မူးနေရင် ပြန်လိုက်တော့နော်"
အလုပ်ညစာစားပွဲမှာ လာရစ်နေတဲ့ စီနီယာဟန်...
စီနီယာဟန်က သူမကို သဘောကျနေမှန်း ယောင်းအူသိနေပေမယ့် သူမက မကြိုက်တာမို့ ကင်းကင်းနေခဲ့တာ...
အခုလည်း သူပါလို့ မလိုက်ချင်သော်လည်း တခြားသူတွေက အတင်းခေါ်နေလို့ လိုက်ခဲ့ရပေမယ့် သူမဘေးမှာပဲ ရစ်သီရစ်သီနဲ့ လုပ်နေတဲ့ စီနီယာဟန်ကြောင့် စိတ်ရှုပ်လာရသည်။
တခြားသူတွေက သူတို့စကားဝိုင်းနဲ့သူတို့ဖြစ်နေတာမို့ သူမတို့ကိုသတိမထားမိ...
အထက်က စီနီယာသာမဟုတ်ရင် စိတ်ရှိလက်ရှိ ကိုင်သာပေါက်လိုက်ချင်သည်။
အခုလည်း စီနီယာဟန်က သူမလက်ကို မထိတစ်ထိ လာကိုင်နေတာမို့ သူမ ရုတ်တရက်ထိုင်နေရာမှ မတ်တပ်ရပ်လိုက်တော့ အကုန်လုံးက သူမကို ကြည့်လာကြသည်။

"ကျွန်မ ပြန်တော့မယ်"

သူမသွားတော့မယ်လုပ် လက်ကို လာဆွဲတဲ့ စီနီယာဟန်ကြောင့် သက်ပြင်းချမိသည်။
ကျန်တဲ့သူတွေကတော့ သူမတို့နှစ်ယောက်ကို အစကတည်းက စကာ သဘောတူနေကျမို့ ဘာမှမပြောဘဲ ကြည့်သာကြည့်နေကြသည်။

"ပြန်တော့မယ်နော် စီနီယာဟန်"

သူမယဥ်ယဥ်ကျေးကျေးနဲ့သာ စီနီယာဟန်ရဲ့လက်ကို ဖြုတ်ချသော်လည်း တစ်ဖန်ပြန်လာဆွဲကာ

"မပြန်သေးပါနဲ့ နေပါဦး"

အကုန်လုံးကလည်း တဝိုးဝိုး တဝါးဝါးနဲ့သာ...
အားလုံးက သူမ စီနီယာဟန်ကို မကြိုက်မှန်းသိလျက်နဲ့ စနေတာကိုလည်း အမြင်ကတ်သည်။
တစ်ကယ်ကို သုံးစားလို့ကိုမရဘူး~

စီနီယာဟန်ရဲ့ ရီဝေသောအကြည့်နှင့် အပြုအမူကြောင့် သူမဘာလုပ်ရမှန်းမသိတော့..
ဒီတိုင်းအတင်းထွက်သွားခဲ့ရင် နောက်နေ့ အလုပ်ပြုတ်နိုင်သည်။
အခုလုပ်နေတဲ့ အလုပ်က သူမအရမ်းလုပ်ချင်လွန်းလို့ တခြားကမ်းလှမ်းချက်တွေပါ ပယ်ပြီး လုပ်ခဲ့တာမို့ သူမ မထွက်ချင်ပေ...
မထွက်သွားဘဲ ပြန်ထိုင်နေခဲ့လျှင်
ကိုယ်ပဲ နေရကျဥ်းကြပ်ပြန်မှာကြောင့် မနေချင်~

"Bae! ဘာလုပ်နေတာလဲ!"

သူမ ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း သူမကို ဦးတည်ကာ ခေါ်လိုက်တဲ့ အသံမာမာတစ်ခုကြောင့် သူမလှည့်ကြည့်မိတော့

Stolen SweetheartWhere stories live. Discover now