ဒေါက်*ဒေါက်*
"နေထွက်တာသွားကြည့်မလို့ လိုက်မှာလား"
ယောင်းအူ...ယွန်းဂီကိုခေါ်ချင်လွန်းလို့တော့မဟုတ်...
အဘွားက သွားရင် ခေါ်သွားပါဆိုသောကြောင့် လာနှိုးခြင်းပင်...
စိတ်ထဲကတော့ မလိုက်ပါစေနဲ့လို့ ဆုတောင်းလျက်~ကျွီ~
တံခါးဖွင့်သံနဲ့အတူ ထွက်လာသော ယွန်းဂီ....
"ဘာလဲ"
"နေထွက်တာသွားကြည့်မလို့ လိုက်မှာလား"
"အစောကြီး?..."
"ဒီရွာက ပင်လယ်ကမ်းစပ်နဲ့နီးလို့ နေထွက်တာစောတယ် လိုက်မှာလား မလိုက်ဘူးလား ပြော! မလိုက်ရင် သွားတော့မယ်"
လိုက်မယ် မလိုက်ဘူး မဖြေဘဲ မေးခွန်းတွေထပ်နေသော ယွန်းဂီကြောင့် ယောင်းအူ စိတ်ရှုပ်စွာမေးတော့
"လိုက်မယ် ခဏစောင့်"ဆိုကာ အထဲပြန်ဝင်သွားတဲ့ယွန်းဂီကြောင့် သူမစိတ်ပျက်ပျက်နဲ့သာ ညည်းညူမိရင်း သူပြီးတဲ့အထိသာ ထိုင်စောင့်နေရတော့သည်။
💕💕💕
မဲမှောင်နေသော ကောင်းကင်ကြား ရောင်နီသန်းနေသော နေလုံးကြောင့် ပင်လယ်တစ်ခွင်မှာ နီရောင်သန်းလျက်ပင်...
ထို့ပြင်လေတစ်ဖြူးဖြူးတိုက်နေသည့်ကြား လှိုင်းပုတ်သံကပါ တစ်ဝေါဝေါ~သူမကတော့ သဲသောင်ပြင်တွင်ထိုင်ပြီး ရေလှိုင်းတစ်ချက်ပုတ်တိုင်း စိုသွားတဲ့ ခြေထောက်လေးတွေကို ဆော့ကစားနေရင်း ထိုအလှတရားများကိုသာ ငေးမောလျက်••
ဟိုလူကြီးကတော့ ဘေးခပ်လှမ်းလှမ်းမှာ ဓာတ်ပုံတစ်ချက်ချက် ရိုက်နေလေရဲ့~
"ရှင်- မကြည့်ဘူးလား"
ဘေးခပ်လှမ်းလှမ်းမှာပဲ ရိုက်လို့မပြီးနိုင်တဲ့ ထိုလူကြီးကို စိတ်ရှုပ်စွာမေးတော့
"ကြည့်နေတယ်လေ"
"ဘယ်ကနေလဲ ကင်မရာကနေလား"
"ငါ့ဟာငါ ဘယ်လိုကြည့်ကြည့်ပေါ့"
တစ်ကယ်ကို စေသနာထားလို့မရတဲ့သူပါလေ~
ကိုယ်ကတော့ ဒီတိုင်းလေးထိုင်ပြီးကြည့်ရင် အရမ်းခံစားလို့ကောင်းတယ်ဆိုတာပြောမလို့ကို~
စေသနာကို ထားလို့မရဘူး~

YOU ARE READING
Stolen Sweetheart
Romantikပေါ့ပေါ့ပါးပါး fictionလေးတစ်ပုဒ်ပါ💓 yoongi×oc _Start_ 21.7.2021(Wednesday) _End _ 7.3.2022(Monday)