Accident

394 53 12
                                    

ကောင်းကင်က ပြာလဲ့ကာ ကြည်လင်နေသောအချိန်
ချယ်ရီပန်းတွေကလည်း လှပစွာ ပွင့်ဖူးနေသောအချိန်
ထိုအချိန်သည်ကား နွေဦးအချိန်ခါ~~

နွေဦးသည် လှပလွန်းသည်။
လမ်းတစ်လျှောက် ပွင့်ဖူးနေသော ချယ်ရီပန်းလေးများနှင့် ကြည်လဲ့နေသော ကောင်းကင်ကလည်း ပနံသင့်စွာပင်...
ချယ်ရီပန်းပွင့်ဖက်လေးက သူမမျက်စိရှေ့တင် ကြွေလွင့်လာတော့ ဖမ်းလိုက်ကာ ဆုပ်ကိုင်လိုက်ရင်း ဦးတည်ရာသို့ထွက်လာခဲ့လိုက်တော့သည်။

"ယောင်းအူ! ဒီမှာ"

"ဘယ်မှာလဲ အကျီက"
ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ ခရက်ရှ်ရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံ လာလုပ်‌ပေးရတဲ့ သူမရဲ့ဘ၀လောက် ဆိုးတဲ့သူ ဒီကမ္ဘာမှာရှိပါတော့မလား

မလုပ်ချင်ဘူးဆိုတာတောင် အဲ့ကောင်က ကိုယ်မှ မလာရင် စိတ်မကောင်းဘူးဆိုပြီး ပြောလာတော့ လာရတော့သည်။

"ဟိုဘက်ခန်းမှာ အဲ့မှာ သတို့သမီးအရံလုပ်ကြမယ့် ငါ့ကလေးလေးရဲ့ သူငယ်ချင်းတွေလည်းရှိတယ်"

"ပိုလိုက်တာလည်း လွန်ပါရော မသာကောင်"

"ဟေး သူများမင်္ဂလာပွဲကို အမင်္ဂလာတွေ မယူလာစမ်းပါနဲ့"

အရမ်းတွေကို အကဲပိုပြနေတဲ့ ဒီတစ်ယောက်ကို ကန်သာထုတ်လိုက်ချင်သည်။
အရင်ကျောင်းတုန်းကအတိုင်းဆို ထုထဲ့ပစ်မှာ...
အခုကတော့ လူကြားထဲမှာမို့လို့ ကိုယ့်ဘာသာစိတ်ထိန်းရင်း သူပြတဲ့အခန်းထဲသို့သာ ၀င်သွားလိုက်သည်။

ထိုအခန်းထဲမှာ ပြင်ဆင်နေကြတဲ့ ကောင်မလေး သုံးလေးယောက်လောက်ရှိသည်။ အကုန်လုံးကတော့ သူမထက်အငယ်တွေပဲမို့လို့ ကိုယ်ကပဲ သူတို့ကြားထဲကြီးကောင်ကြီးမား;

ကိုယ့်ရဲ့ ခရှက်ရှ်ကလည်း အချိုးမပြေလှစွာပင်...
ကိုယ့်ကို သူ့မင်္ဂလာပွဲမှာ ငယ်ငယ်လေးတွေကြား ကြီးကောင်ကြီးမား သတို့သမီးအရံလုပ်ခိုင်းပြီး ပြောသေးသည်က ကိုယ့်အတွက် သတို့သားအရံရွေးထားပေးတာမို့ လာကိုလာရမယ်ဆိုပြီး ရာဇသံက ပေး‌သေးသည်။

တစ်ကယ်ကို အကျိုးမပေးတဲ့ ခရှက်ရှ်ပါလေ••

ထိုအခန်းထဲမှာ သတို့သမီးအရံတွေအတွက်ပေးထားတဲ့ အကျီကို ယူကာ ၀တ်လိုက်ရင်း မျက်နှာကိုအနည်းငယ် ချယ်သလိုက်သည်။ ကိုယ်ကလည်း ထိုမိန်းကလေးတွေနဲ့မခင်တော့ အခန်းထဲကသာ ထွက်လာလိုက်ရင်း ကိုယ့်သူငယ်ချင်းတွေရှိတဲ့ နေရာကိုသာ သွားလိုက်သည်။

Stolen SweetheartWhere stories live. Discover now