Suprise🤓

268 27 3
                                    

"သမီး လိမ်လိမ်မာမာနေနော်"
လက်ထပ်ပွဲပြီးလို့ ယွန်းဂီနဲ့အတူတူ ယွန်းဂီမိဘတွေ လက်ဖွဲ့ပေးထားတဲ့ အိမ်ကို သွားရမှာဖြစ်တာကြောင့် အမေက မျက်ရည်လေးဝဲကာ အမှာစကားချွေနေသည်။

အခုမှလာပြီး မျက်ရည်ဝဲနေ ပေးစားတုန်းကကျတော့ သူပဲ ရက်တောင်မစောင့်နိုင်....

"သမီး အိမ်ထောင်ကျသွားပြီဆိုတော့ လိမ်လိမ်မာမာနေ အရမ်းကလေးမဆန်နဲ့ဦး အဖေတို့ဆီလည်း လာလည် ကြားလား"
အဖေက သူမရဲ့ ခေါင်းလေးကို ပွတ်သတ်ကာ ပြောလာတာကြောင့် သူမ မျက်ရည်ဝဲလာရတော့သည်။
အမြဲတမ်း အဖေ့နားမှာ လိုချင်တာရှိရင် ကပ်ချွဲ
နေကျ...ပြီးရင် အဖေခရီးပြန်လာရင် အခုအသက်အရွယ်ထိကို လက်ဆောင်ဝယ်လာပေးပြီး တစ်ဦးတည်းသော သမီးဖြစ်တာကြောင့် အမြဲ ပူးပူးကပ်ကပ်နေတုန်း...အခုကျတော့ သူစိမ်းယောင်္ကျားလေးတစ်ယောက် ကိုယ့်ရဲ့ခင်ပွန်းဖြစ်လာမယ့်သူနဲ့ အတူတူ နေရမှာတဲ့...
တွေးရင်းတောင် မသွားချင်တော့သလို...

မျက်ရည်ဝဲကာ မိဘတွေနဲ့ အမှာချွေနေတဲ့ ယောင်းကို ကြည့်ပြီး ယွန်းဂီ ပြုံးမိသည်။
သူ့ရဲ့ကလေးလေးက အဲ့လိုကို ချစ်စရာလေးပါဆိုနေ...

"ယွန်းဂီ!"

ယွန်းဂီ သူမကို ငေးကြည့်နေမိရင်း သူ့ဆီလှည့်ကာ ခေါ်လိုက်တာကြောင့်

"အင်း..ယောင်း...ပြော"

"အမေတို့နဲ့ပဲ ပြန်လိုက်သွားတော့မယ် ကိုယ့်ကိုကိုယ်ပဲ သွားလိုက်တော့"

ဟင်?!

ရုတ်တရက်ကြီး သူ့ကို နှင်လွှတ်ပြီး အမေကင်မ်တို့နဲ့ အတူပြန်သွားတော့မယ်လို့ပြောလာတာကြောင့်
ယွန်းဂီ ဆွံ့အသွားရသည်မှာ အတိုင်းသား...

"ဟဲ့ သမီး!...ဘယ်လိုပြောလိုက်တာလဲ"
အမေကင်မ်က ယောင်းအူကို တစ်ချက်ရိုက်လိုက်ပြီး ယွန်းဂီနဲ့ ယွန်းဂီရဲ့မိဘတွေနဲ့ အားနာဟန် ပြုံးပြလေသည်။

"ယောင်း...လာပါ သွားရအောင်"
ယွန်းဂီ သူမကို ဖွဖွလေးဆွဲကာ နားချဟန် ပြောနေရတော့သည်။
ဒီမိန်းကလေးတစ်ယောက်ကို ချစ်မိလို့ ဒီမိန်းကလေးတစ်ယောက်ကို ယူလိုက်ပါတယ်...
သူ့ကို စကားတောင် မဟနိုင် အမြဲ ဆွံ့အသွားစေတတ်သည်။ ချစ်တယ်ဆိုတဲ့ စကားကို ကြားရဖို့လည်း အဲ့နေ့က သူသာ နေမထိထိုင်မသာ ဖြစ်ရတာ သူမကတော့ အေးဆေး တီဗီကြည့်ပြီး မုန့်တောင်စားနေလိုက်သေး...
အခုလည်း ကြည့်...
လက်ထပ်ပြီး အမေနဲ့အဖေတို့ လက်ဖွဲ့ပေးထားတဲ့ မင်္ဂလာဦးအိမ်လေးသွားမလို့ကို မသွားတော့ဘူးတဲ့..

Stolen SweetheartWhere stories live. Discover now