Sorrow

294 46 3
                                    

"ထယ်ယောင်း~ Genius Company က မင်းနဲ့ဆွေးနွေးစရာရှိလို့တဲ့"

ထယ်ယောင်း လေဆိပ်ကပြန်လာပြီး သူ့ရဲ့ရုံးခန်းထဲ ထိုင်နေချိန်လာပြောတဲ့ အတွင်းရေးမှူးကို ခေါင်းသာ အသာခါရင်း နောက်နေ့မှလို့ ငြင်းလိုက်လေသည်။
အခုက ဖြစ်နိုင်ရင် အချိန်မရှိအောင် လုပ်ထားမှရမည်လေ~
မဟုတ်ရင် တစ်ခုပြီးတစ်ခုနဲ့ ညနေအချိန်မှီမပြီးနိုင်တော့မှာ သေချာသလောက်ရှိသည်မို့ အစကတည်းက သူ့ရဲ့အချိန်ဇယားတွေ ရွှေ့နေတာပင်။
တကယ်တော့ သူဟာ ဒီနေ့မှမဟုတ် နေ့တိုင်းအချိန်ဇယားနဲ့ပြည့်နေသူ..
ဒါကို ယောင်းအူကိုသာပြောပြလိုက်ရင် အစကတည်းက သူ့ဆိုအဝေးတွန်းထုတ်နေတဲ့သူမကြောင့် ဒီနေ့ဟာအလုပ်အားရက်လို့ တမင်လိမ်ပြောလိုက်တာဖြစ်သည်။
အရင်အချိန်တွေကတည်းက သူမကိုတွေ့မယ်ဆိုတိုင်း အလုပ်တွေကပြည့်ကျပ်နေတာကို သူမကသိပြီး မသိမသာနဲ့ သူ့ဆိုဖယ်ထုတ်နေတာကို ထယ်ယောင်းသိတာမို့ အခုကတော့ အတင်းအကျပ်ပြောယူခဲ့သည်။ဒါကြောင့် သူမ လက်ခံတုန်း ဒီညနေကို အဆင်ပြေအောင် အချိန်တွေ ဖယ်ထားရမည်။

"ဒါဆိုရင် မန်နေဂျာယွန်းဂီကို နောက်နေ့ရွှေ့ခိုင်းလိုက်မယ်"

"ယွန်းဂီ?"

"ဘာဖြစ်လို့လဲ ထယ်ယောင်း"

"အခုလာဆွေးနွေးမယ့်သူမယ့်သူက မင်ယွန်းဂီနာမည်လား"

"ဟုတ်တယ်လေ အရင်တစ်ခေါက်က ကြော်ငြာရိုက်တော့ တွေ့ကြသေးတယ်မဟုတ်ဘူးလား"

အတွင်းရေးမှူးက ပြောမှ ထယ်ယောင်းပြန်မှတ်မိသည်။ အရင်တစ်ခေါက် ရေမွှေးကြော်ငြာတုန်းက ထိုမင်ယွန်းဂီဆိုတဲ့သူနဲ့ အနည်းငယ် ကတောက်ကစ ဖြစ်ခဲ့သေးသည်။
​ကြီးကြီးမားမားတော့မဟုတ်ပေမယ့် အနည်းငယ်တော့ အမြင်မကြည်ဖြစ်ခဲ့သည်။
အခုဆို ပိုလို့တောင် အမြင်မကြည်ချင်တော့ပေ။
​သူကြိုက်တဲ့ ယောင်းအူက ထိုလူကို သဘောကျနေတာမလား?
ဒါပေမယ့် လူတူမရှား နာမည်တူမရှားပဲလေ~
ထိုလူ ဖြစ်ချင်မှဖြစ်မှာပေါ့..
ဒါပေမယ့် စိတ်ထဲမှာ အနည်းငယ် ဒွိဟတော့ဖြစ်သွားတဲ့အတွက် တွေ့ဖို့အတွက် အတွင်းရေးမှူးကို
ခေါင်းညိမ့်ပြလိုက်သည်။
သူ သွားတွေ့ဖို့ လိုသည်လေ*

Stolen SweetheartWhere stories live. Discover now