Accident Solution

375 43 5
                                    

တိုးတိုးတိတ်တိတ်နဲ့ ထွက်ပေါ်နေသော အသံတစ်ချို့နှင့် ခွက်ချင်းထိမိသော အသံတွေက နားထဲတွင် ဆူညံနေလျက်~
အတော်ကြာမှ တိတ်သွားသော အသံကို လျစ်လျူရှုလိုက်ရင်း မူးဝေနေသော ခေါင်းကြောင့် အနည်းငယ် ပြန်မှေးနေလိုက်သည်။

ထို့နောက် မျက်နှာအား လာထိုးနေသော နေရောင်တစ်ချို့ကြောင့် ဖွင့်ဖွင့်ချင်း စူးသွားတဲ့ မျက်လုံးကို မြန်မြန်ပိတ်လိုက်ပြီး လက်ဖြင့် ပွတ်သတ်လိုက်သည်။

နောက်မှ အရက်ရှိန်ကြောင့် ခန္ဓာကိုယ်ကြီးကို လေးပင်စွာသယ်ပြီး ထထိုင်လိုက်ရင်း ဆံပင်တွေထဲ လက်ထိုးထည့်ကာ မနေ့ကအကြောင်းစဥ်းစားနေမိသည်။

မနေ့က သူ အလုပ်ဆင်းတာနဲ့ စိတ်ညစ်လို့ ဟန်မြစ်ဘေးသွားရင်း အရက်သွားသောက်လိုက်တာ~
ပြီးတော့...
အာရှီး~မမှတ်မိတော့ဘူး~ဟူး~

ဆံပင်တွေကို စိတ်ရှုပ်စွာ တဖန် ထိုးဖွလိုက်သည်။
သို့သော် သူအခုချိန်ထိ ဘယ်ကိုရောက်နေမှန်းမသိသေး..

"အမေ့!"
ရုတ်တရက် လန့်သွားတဲ့ အသံကြားတော့ ယွန်းဂီနောက်ပြန်လှည့်ကြည့်လိုက်မှ လန့်ရမည့်သူဟာ အမှန်သူဖြစ်နေရမှာ..

"ဘယ်လို? ဘယ်လိုလုပ် ?"
ယွန်းဂီပြောပြီး အလန့်တကြားလှည့်ပတ်ကြည့်လိုက်မှ ရောက်နေတာ သူ့အိမ်မှမဟုတ်ဘဲ!

ငါယောင်းအူအိမ်ရောက်နေတာလား?

"နိုး..နိုးပြီလား"
အလုပ်သွားတော့မယ့်ပုံရတဲ့ ယောင်းအူက သူ့ကို ခဏပဲကြည့်ပြီး တစ်ဖက်ကိုလှည့်ရင်းသာ မေးလာသည်။

ငါ ညက ဘာတွေလျှောက်လုပ်ခဲ့တာလဲ?
သေချင်တာပဲ~ကိုယ်သဘောကျနေတဲ့သူရှေ့ကို ဒီလိုမူးပြီး သူမအိမ်မှာမှ ရုပ်ပျက်ဆင်းပျက်လာအိပ်တဲ့အဖြစ်မျိုး တွေးတောင်မတွေးထားမိဘူး!
အခုတော့ ဘယ်လိုတောင် မျက်နှာပြရပါ့မလဲ?

"ဟိုလေ~အမေက ဟင်းချိုရည်ချက်ပေးထားတယ်
အဲ့ဒါ သောက်သွားလိုက်ပါဦး"

"အော် အွန်းအွန်း"
ယွန်းဂီ မျက်နှာပူစွာပဲ ခေါင်းညိမ့်လိုက်တော့သည်။
မနေ့ကအချိန်ကို ပြန်သွားလို့ရရင် အရက်သောက်ခဲ့မှာ မဟုတ်ဘူး

Stolen SweetheartWhere stories live. Discover now