Wedding

333 34 5
                                    

"ကင်မ်​ယောင်းအူ!!!!"
အမေရဲ့ အသံအကျယ်ကြီး အော်လိုက်မှုကြောင့် ယောင်းအူ ရေချိုးနေရင်းမှ လန့်ဖြတ်သွားရသည်။

"မပြီးနိုင်သေးဘူးလား နောက်ကျတော့မယ်"
တစ်ဒေါက်ဒေါက်နဲ့ အပြင်ကနေ အော်ခေါ်နေတဲ့ အမေကြောင့် ရေချိုးလက်စကို မြန်မြန်အပြီးသတ်ရင်း ထွက်လာရတော့သည်။
မဟုတ်ရင် ခေါင်းခေါက်ခံရတော့မှာမို့ပင်။

"ကြာလိုက်တာ နောက်ကျတော့မယ် အယ်! ကြည့်ဦး ခေါင်းမလျှော်ပါနဲ့ဆိုတာကို လျှော်ပြန်ပြီ"

​ခေါင်းလျှော်ထားသောကြောင့် တပတ်ကို ခေါင်းပေါင်းကာ ထွက်လာတဲ့ ယောင်းအူကို မြင်တော့ အမေက ပွတ်တွတ်ပွတ်တွတ်ပြောတော့သည်။

"နောက်မကျသေးပါဘူး အမေရဲ့ အစောကြီးရှိသေး"

မနက်၆နာရီကျရင် မိတ်ကပ်ပြင်ဆင်ရမှာဖြစ်တဲ့အတွက် သူမစောစောထ ရေမိုးချိုးကာ မိတ်ကပ်ပြင်ရမည့်ဆိုင်ကို သွားရမှာဖြစ်သည်။
​ပြီးမှ လက်ထပ်မည့်နေရာဖြစ်တဲ့ ခန်းမကို သွားရမည်။
လူကြီးတွေကလည်း တကယ်ပါ
အခုမှ ရည်းစားလေးဖြစ်ရုံရှိသေး... မင်္ဂလာတန်းဆောင်ပေးတော့တာပင်...
သူမက ဖြစ်နိုင်ရင် ယွန်းဂီနဲ့ ချစ်သူသက်တမ်းလေးဖြတ်သန်းချင်သေးတာလေ~~
ယွန်းဂီကတော့ သူမရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပေးမည်ပြောသည်။
ဒါပေမဲ့ နောက်ဆုံး သူမပဲ လက်ခံလိုက်တာပင်...
အကြောင်းအရင်းကတော့ အမေပေါ့..
ဘေးကနေ ရက်တိုင်း တောက်လျှောက် ပွတ်တွတ် ပွတ်တွတ်လိုက်ပြောနေသောကြောင့် စိတ်ရှုပ်ရှုပ်နဲ့ ဟုတ်ပါပြီပြောလိုက်တာ လက်ခံတယ်ဆိုပြီး တစ်ခါတည်းစီစဥ်တော့တာပင်...
ဒါတောင် တော်သေး.. ကြားထဲမှာ စီစဥ်ရမယ့် ကိစ္စတွေနဲ့ အင်္ကျီတွေ ချုပ်ရသေးတာကြောင့် ကြားထဲ တစ်လခွဲလောက်တော့ ကွာသွားသည်။
ပြောသေးတယ် ဖြစ်နိုင်ရင် တစ်ပတ်လောက်နဲ့ ဆောင်စေချင်တာတဲ့လေ...
တကယ်ကို လက်မြောက်ရတဲ့အမေပါ..
အခုလည်း ကြည့်ဦး မနက် ၄နာရီပဲ ရှိသေးတယ် လောနေပြီ ပွဲက ၉နာရီမှ ဖြစ်ပေမယ့် မိတ်ကပ်ပြင်ဖို့က ၆နာရီမှာ စချိန်းထားတာမို့ စောစောသွားရမှာဖြစ်သည်။

ဒေါက် ဒေါက်

"မပြီးသေးဘူးလား ဒီကောင်မလေးတော့ "

Stolen SweetheartWhere stories live. Discover now