အပိုင်း (၅၀)

9.4K 1.7K 178
                                    

ရေတကယ်ချိုးပြီ

သွေးအေးမိစ္ဆာကြီးမှာ အိပ်ရာကျယ်ထက်တွင် ခပ်ပုံ့ပုံ့ အနေအထား ထိုင်လှဲနေရင်း ကြားလိုက်ရသော စကားကြောင့် လန့်ဖျပ်ကာသွားသည်။

"ကျွန်တော့်ရဲ့ အိပ်ခန်း'' တဲ့လား။

ဒါဆိုရင် သူပစ်လှဲပြီး အိပ်လိုက်တာ ပိုင်ဟူရဲ့ အိပ်ရာကြီးပေါ့။

ပိုင်ဟူသည် ဝိုင်းစက်သွားသော အညိုရောင် မျက်ဝန်းလေးကို ငေးစိုက်ကြည့်ပြီး လန့်သွားစေဖို့ မရည်ရွယ်ပါကြောင်း သိမ့်ခနဲတုန်သွားသည့် မျက်တောင်တို့ကို နမ်းရှိုက်ကာ အသိပေးလိုစိတ်များ ပေါ်သွားတော့သည်။

"မင်း အိပ် ခန်း ထဲ ဘာ လို့ ခေါ် လာ တာ လဲ''

ဒီလောက် စံအိမ်ကြီးထဲမှာ အိပ်ခန်းက တစ်ခန်းပဲရှိတယ်လို့ မပြောနဲ့နော်။

သို့သော် မည်သူက ထင်မည်လဲ။ ပိုင်ဟူက ထိုအတိုင်း ပြောချလာသည်။

"အိပ်ခန်း တစ်ခန်းပဲ ရှိတာ ရှစ်ရှုန်း''

"ဟမ်''

ပိုင်ဟူက ခပ်ဝဲဝဲလေသံဖြင့် ရှင်းပြပါသည်။

"ဒီစံအိမ်ကြီးက အမြဲ နေဖို့ထက် ကူနန်ကို လာတဲ့အချိန်လောက်ပဲ သုံးဖြစ်တော့ အိပ်ခန်းက ကျွန်တော့်အတွက်ပဲ ရှိတာ၊ ကျန်တဲ့အခန်းတွေက စာကြည့်ဆောင်တို့၊ ကျောက်တွေထားတာတို့၊ လုပ်ထားတာ၊ တကယ်တော့ ကျွန်တော်လည်း သိပ်မသိဘူး၊ ဦးလေးလျှိုပဲ အကုန်စီမံတော့ ကျွန်တော်က ဒီအခန်းပဲ မှတ်ထားတာ''

အရှည်ကြီး ရှင်းပြနေသည်ကို ချွမ်မင်ကျူ့ နားမလည်။

သူနားလည်သည်က သူ စိတ်ကူးမိသည့် ဟူးဝေချိုင့်ဝှမ်းအရှင်ရဲ့ အိပ်ခန်းက အိပ်ရာကြီးပေါ် သူက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နေပြီလေ။

အပိုထပ်ဆောင်းက အဲ့ဒီ ဟူးဝေရဲ့ အရှင်က ဝတ်ရုံတောင် ပုံချွတ်ထားနေပြီ။

ပြင်းပြင်းထန်ထန် ဆွဲဆောင်မှုအောက်မှာ တသိမ့်သိမ့် ရမ်းခါနေသော နှလုံးသားလေးကို အတင်းချော့မြူကာ ငြိမ်သက်စေရင်း ချွမ်မင်ကျူ့က အတတ်နိုင်ဆုံး လေသံကို ထိန်း၍ -

A Song Of Weeping Willow (Complete)Where stories live. Discover now