အပိုင်း (၄)

15.7K 2.5K 250
                                    

ဟူဇီကျင်း၏ ပထမတပည့်

ချွမ်မင်ကျူ့သည် အနှီတည်းခိုခန်း၌ ရက်အချို့နေကာ မြို့တွင်သွားရောက်လည်ပတ်ခြင်းဖြင့် သူ၏ အချိန်ကို ဖြုန်း၏ ။ နေရာတကာ၌ ထောင်ထားသော ကြည့်မှန်များနှင့် သူသည် အသားကျ၍ပင် သွားပြီ။ သူထိုမှန်ရှေ့က ဖြတ်လျှောက်တိုင်း ခေါင်းကို မသိမသာငဲ့စောင်းကြည့်ခြင်းက အကျင့်ဖြစ်နေပြီဖြစ်သည်။

အင်မတန်ထိရောက်သော အစီအရင်ပါပေ။

ချွမ်မင်ကျူ့သည် သူ့ထံတွင် ရှိသော ကျောက်များထဲမှ အနည်းငယ်ကိုဖဲ့ကာ ဝတ်ရုံအချို့ဝယ်ရန် သုံးလိုက်သည်။ များများစားစားတော့မဟုတ်ပါ။ အပေါစား ၊ ခပ်ကြမ်းကြမ်း နှစ်စုံခန့်သာ ဖြစ်သည်။ အပြာလွင်လွင် ရေခဲပိုးသား ဝတ်ရုံကား သူသိမ်းထားမိသည်။ မည်သို့ကြောင့်ရယ်မသိ။ ထိုဝတ်စုံကို နေ့စဥ်ဝတ်ဆင်ရန် နှမြောနေသည်။ အမှန်တကယ်တော့ သူသည် တာအိုဝါဒီ ဘုန်းကြီးတစ်ပါးနှယ် ရုပ်ဝတ္တုပစ္စည်းများပေါ်၌ များစွာ စွဲလမ်းခြင်းမရှိပါ။ ဤဝတ်စုံကိုသာ ထူးထူးခြားခြား တွယ်တာမိနေခြင်းပင်။

သူသည် ဆယ်စုနှစ် တစ်ခုစာ နောက်ကျကျန်နေခဲ့သည်ဖြစ်ရာ တစ်ချို့သောနေရာများ၌ သူလက်လှမ်းမီရန် များစွာလိုနေသေးသည်။ ဥပမာဆိုရသော် လတ်တလော ဖြစ်စဥ်များနှင့် ပတ်သက်၍ သူဘာဆိုဘာမှ မသိချေ။ ကျင့်ကြံခြင်းလောပင်သာမက ဆက်စပ်နေသော သာမန်သေမျိုးလူသားတို့၏ အကြောင်းကိုလည်း မသိချေ။

ထို ကျင့်ကြံခြင်းလောကက လူများ ယခင်ကနှင့်မခြားစွာ ဓားရှည်တကားကား ဟန်လုပ်လျှောက်သွားနေသည်ကိုကား သူသေချာသိ၏ ။
ဤလို မြို့ငယ်လေး၌ပင် ဂိုဏ်းပေါင်းစုံက ကျင့်ကြံသူများ ပုရွက်ဆိတ်များနှယ် စုပြုံကာ ခြေချင်းလိမ်သွားလာနေသည်။

သို့နှင့် ကျင့်ကြံခြင်းလောက၌ လတ်တလော ဖြစ်ရပ်များကို လေ့လာရန်အလို့ငှာ စာအုပ်များရောင်းချသော ဆိုင်တစ်ဆိုင်သို့ ချွမ်မင်ကျူ့ဝင်လာလိုက်သည်။

စာအုပ်ဆိုင်တွင် ရှည်လျားသော သစ်သားစင်များကို အစီအရီထားကာ စာအုပ်များ သပ်သပ်ရပ်ရပ်တင်ထားသည်က စျေးဝယ်သူများကို ဆွဲဆောင်နေသည်။ စာအုပ်တန်းရှည်များကြားတွင် ဟိုတစ်ယောက် ၊ သည်တစ်ယောက်နှင့် ဝယ်ယူသူများက ရှိနေကြသည်။

A Song Of Weeping Willow (Complete)Donde viven las historias. Descúbrelo ahora