ထုတ်ဖော်ရန်ခက်ခဲသော အမှန်တရားအချို့
"ရှစ်ရှုန်း...''
ပိုင်ဟူက ချွမ်မင်ကျူ့ကို တင်းကျပ်နေအောင် ပွေ့ထားမိသည်။
တကယ့်ကို ခက်ခဲသော အတိတ်ကို တစ်ယောက်တည်း ထမ်းပိုးထားရသည်က အညိုဖျော့ရောင် မျက်ဝန်း ပိုင်ရှင်လေး အတွက် မည်မျှနာကျင်စရာ ကောင်းခဲ့မည်နည်း။
"ငါ...အဆင်...ပြေပါတယ်''
ချွမ်မင်ကျူ့က သူထင်မထားချိန်၌ ပွေ့ဖက်ခံလိုက်ရသောအခါ ယောင်ကန်းစွာ ပြန်ဖြေမိသည်။
အချိန်အတော်ကြာ မျိုသိပ်ခဲ့ရသည်တို့ကို ထုတ်ဖော်ပြောလိုက်ရသည့်အတွက် ပေါ့ပါးသွားသည်က အမှန်ပင်။ ယခုလို ပွေ့ဖက်ခံလိုက်ရချိန်ကား သူ၏ တစ်ကိုယ်လုံး သွေးကြောများ ဗြောင်းပြန်စီးကာ နှလုံးခုန်သံတို့ မြန်လာရသည်။
"ပိုင်ဟူ...''
ချွမ်မင်ကျူ့ ခပ်ဖွဖွခေါ်သည်။ မခေါ်၍လည်း မဖြစ်။ သူတို့နှစ်ယောက်၏ အနေအထားက ထူးဆန်းနေပေပြီ။
အားပေးနှစ်သိမ့်သည်ဟု ရိုးရိုးရှင်းရှင်း ကောက်ချက်ချရန်အတွက် မသင့်မလျော် ဖြစ်နေရပြီး သမီးရည်းစားဆန်ဆန် ပွေ့ဖက်နေသည့်ပုံပေါက်နေသည်။
ပိုင်ဟူက အိပ်ရာထက် လဲလျောင်းလျက်။ ချွမ်မင်ကျူ့ကတော့ ထိုကောင်လေး၏ ရင်ခွင်ကျယ်မှာ ဂွမ်းဆုပ်ကလေး ရေထဲမြှုပ်သလို စုပ်စမြုပ်စမြုပ်နေလျက်။
"ပြော...ရှစ်ရှုန်း''
ပိုင်ဟူက ခါးကျင်ကျင်ကို လက်ဖြင့် တိုး၍ ဆုပ်ကိုင်ကာ မေးသည်။
ချွမ်မင်ကျူ့ ခံစား၍ ရနေသည်။ သူ၏ ခါးတစ်ဝိုက်နားက ကျင်တက်သွားပြီး သွေးကြောမျှင်လေးများ တင်းခနဲ ဖြစ်သွားသလိုပင်။ ထိုသည်က ခံစား၍ ထူးဆန်းနေသည်။
"မင်း...တအားဖက်မထားနဲ့''
မတတ်နိုင်တော့။ ချွမ်မင်ကျူ့ ကိုယ့်နှုတ်ခမ်းကို ကိုက်ကာ ရှက်ဝဲစွာ ပြောသည်။
သူဘာလို့ ရှက်နေသည်လဲ ၊ သူ့ကိုယ်သူပင် မသိ။
ပိုင်ဟူက သူ့နှုတ်ခမ်းသူ ဖိကိုက်ထားသော ရှစ်ရှုန်းလေးကို ကြည့်ကာ အသဲယားသွားသည်။
ESTÁS LEYENDO
A Song Of Weeping Willow (Complete)
Ficción históricaTitle - A Song Of Weeping Willow (မိုးမခပင်၏ တေးသံသာ) Start Date- 9.10.2020 Genre- Own Creation, Chinese Historical, Cultivation, Romance, BL