အပိုင်း (၅၁)

9.6K 1.6K 106
                                    

နေပူပူအောက်ကထီးဖြူဖြူလေး

ပင့်ကူနက်ဂိုဏ်းက လေလံပွဲ ကျင်းပမည့် ခန်းမသည် ကူနန်မြို့သခင် ပိုင်ဆိုင်သော အသူရိန် ခန်းမဆောင်ကြီး ဖြစ်သည် ။

တိမ်စိုင်တိမ်ညွန့်တို့ကို ပမာတုကာ အထပ်အဆင့်ဆင့် ထုဆစ်မွမ်းမံထားသော ရှည်လျားလျားနှင့် လှပခမ်းနားသည့် ခန်းမဆောင်ကြီး ဖြစ်သည် ။

လေလံပွဲကျင်းပရန် တစ်ရက်ခန့်ပဲ လိုတော့သည် ဖြစ်လေရာ ထိုခန်းမကြီး၌ ပင့်ကူနက်များ နေရာတကာ ဖြန့်ကျက်နေရာယူထားလေပြီ ။

ကြွယ်ဝသော ထိပ်သီးဂိုဏ်းများကား လေလံပွဲ လက်မှတ်တစ်နေရာအတွက် ကျောက်များကို ပုံအောပေးကာ ဝယ်ယူကြလေသည် ။ ကြီးကျယ်သော လေလံပွဲတိုင်းတွင် နေရာကောင်းမှ ထိုင်ခွင့်ရရေးသည် အခရာဖြစ်သော အချက်ပင် မဟုတ်ပါလော ။

"ပိုင်ဟူ ၊ ပိုင်ဟူ''

စံအိမ်တော်ကြီး၌ လူးလာဆန်ခတ် သွားလာနေသော အစေခံများကြား၌ မြန်ဆန်သော ခြေလှမ်းတို့ဖြင့် သူ့ထံ အပြေးလေး လှမ်းလာနေသည့် ချွမ်မင်ကျူ့ကို တွေ့ရသည့်အခါ မှိန်းစက်နေသော ပန်းလေးတစ်ပွင့် လေပြည်အဝှေ့၌ တဝေ့ဝဲဝဲ ကြွေကျလာပုံကို ငေးစိုက်ကြည့်နေရသလို ခံစားချက်မျိုး ပိုင်ဟူ ခံစားလိုက်ရသည် ။

အလောတကြီး နိုင်နေတာတောင်မှ ရှစ်ရှုန်းက ထိုကဲ့သို့ နူးညံ့ညင်သာနေသည်လေ ။

"အင်း ၊ ရှစ်ရှုန်း''

"မနက်ဖြန် လေလံပွဲတဲ့''

ကူနန်မြို့က စံအိမ်ကြီး၌ စားကောင်းသောက်ဖွယ်တို့ကို ပွဲတော်တည်လိုက် ၊ ကျယ်ပြန့်သော အိပ်ရာကြီး၌ ဆန့်လျောင်း အိပ်စက်လိုက် လုပ်နေသော ချွမ်မင်ကျူ့မှာ လေလံပွဲ အကြောင်းကို မေ့လုလု ဖြစ်နေသည် ။

တစ်စိတ်လောက် ၊ မေ့တတ်တဲ့ ရှစ်ရှုန်းက ချစ်စရာမကောင်းဘူးလား ။

"ဟုတ်တယ်လေ ရှစ်ရှုန်း''

"အား ၊ ငါမေ့နေတာကို မင်းက သတိမပေးဘူးလား''

အလိုမကျမှုကြောင့် ထင်သည် ။ နီးမြန်းသော နှုတ်ခမ်းလွှာက မိုးမခပင်၏ အရွက်ကလေးလို မသိမသာ ချွန်းသွားသည် ။

A Song Of Weeping Willow (Complete)Tempat cerita menjadi hidup. Temukan sekarang