စောင့်ကြည့်ခံရခြင်း
"ပိုင်ဟူ ဒါက မူးသလိုပဲ''
ချွမ်မင်ကျူ့မှာ မြင်းနှင့် မတူသော အနှီသတ္တဝါ၏ ခြေလှမ်းဟန်ကြောင့် ခပ်ယိမ်းယိမ်းဖြစ်ကာ နေသည်။
"ဟုတ်တယ် ရှစ်ရှုန်း သဲပြင်တွေထဲဆိုတော့ သူ့ရဲ့ခွာတွေ နစ်နစ်သွားပြီး လှုပ်သလိုဖြစ်နေတာ''
"အမ်း. . .''
ချွမ်မင်ကျူ့သည် သူ၏ ဦးခေါင်းကို ကြိမ်ဦးထုတ်ချွန်ချွန် ဆောင်းထားရုံမက မျက်နှာတစ်ပြင်လုံးကိုလည်း ယခင်ကကြိုးကြာဖြူဂိုဏ်းသားများ ဖုံးကွယ်သလို ဖုံးထားချေသည်။ အရာအားလုံးက အပူဒဏ်ခံနိုင်ရန်အတွက် ပိုင်ဟူ၏ အစီအမံများ ဖြစ်သည်။
"ရှစ်ရှုန်း ရေဆာရင်ပြောနော်''
"အင်း''
ပိုင်ဟူသည် ချွမ်မင်ကျူ့ထက်စာလျှင် အပူဒဏ်ကို ခံနိုင်ရည်ရှိပြီး ထူးဆန်းသော ကုလားအုတ်ကိုလည်း ကျင်လည်စွာ ကိုင်တွယ်နိုင်သေးသည်။ ကုန်သည်များကြားတွင်လည်း ထူးဆန်းသည့် အရိပ်အယောင်မပြဘဲ အဆင်ပြေပြေ စကားပြောနိုင်သေးသည်။
အမှန်တော့ လျှိုသခင်လေး မကျွမ်းကျင်သည့်အရာမရှိဟု ချွမ်မင်ကျူ့ ထင်လာသည်။
၎င်းတို့အဖွဲ့သည် လူအယောက်နှစ်ဆယ်ခန့်ပါဝင်သော အဖွဲ့ဖြစ်ပြီး ကျင့်ကြံသူများနောက်မှ စတင် ထွက်လာခဲ့ခြင်း ဖြစ်သည်။ သွားနှင့်သောအဖွဲ့ကိုမူ အရိပ်အယောင်မျှပင် မတွေ့ရတော့။
"ချင်းဟွိုင်ပွဲတော်ကျရင် ကံကောင်းစေတယ်လို့ အယူရှိပြီး လက်ဆောင်ပေးကြတဲ့ ပိတ်စတွေရှိတယ်လေ၊ အဲ့ဒါတွေကို ဘယ်မှာ ဝယ်ယူလို့ ရလဲ၊ ခန့်မှန်းအားဖြင့် ပိတ်တစ်အုပ်ကို ဘယ်လောက်လောက်ကျသင့်လဲ''
ပိုင်ဟူသည် နံဘေးက ကုန်သည်တစ်ယောက်ကို ချင်းဟွိုင်ပိတ်စအကြောင်း မေးမြန်းနေသည်။
ချွမ်မင်ကျူ့ကတော့ ''လာမည့်ဘေး ပြေးတွေ့'' ဖို့ပဲ စိတ်ကူးရှိသောကြောင့် ထွေထွေထူးထူး စိတ်မဝင်စားတော့။
ဟိိုဟိုဒီဒီဝေ့ဝဲကြည့်ကာ ပျင်းရိစိတ်ကို ဖြေဖျောက်နေရသည်။
YOU ARE READING
A Song Of Weeping Willow (Complete)
Historical FictionTitle - A Song Of Weeping Willow (မိုးမခပင်၏ တေးသံသာ) Start Date- 9.10.2020 Genre- Own Creation, Chinese Historical, Cultivation, Romance, BL