အပိုင်း (၄၇)

9.2K 1.7K 111
                                    

ငါမင်းကို ခွင့်မလွှတ်ဘူး

ရှောင်ဟိုင် ကြိုးကြာဖြူဂိုဏ်းသို့ ပြန်ရောက်လာချိန်မှာ အချိန်လင့်လုနေပြီ။ သူက ဂိုဏ်းအဝင်အထွက်လမ်းများကို ကျွမ်းကျင်စွာ သိသူဖြစ်သည့်အတွက် မည်သူမှ မမြင်အောင် တိတ်တဆိတ် ပြန်လာဖို့ပဲ ဆုံးဖြတ်လိုက်သည်။

ကြိုးကြာဖြူဂိုဏ်းအတွင်း ရောက်လာသည်နှင့် ရှောင်ဟိုင်၏ ခြေလှမ်းများ မြန်လာလေသည်။ သူအလွန်အမင်းကို စိုးရိမ်နေလေပြီ။

ဟန်မင်းရန်၏ အဆောင်သို့ ရောက်သောအခါ စောင့်ကြပ်သူ ကင်းမဲ့ကာ နေသည်ကို ရှောင်ဟိုင် သတိပြုမိသည်။

ရှောင်ဟိုင် မျက်မှောင်ကျုံ့၍ သတိထားပြီး အနားသို့ ချဥ်းကပ်သွားသည်။ မှောင်ရိပ်ကြောင့်ရော၊ သူ၏ သတိထားမှုကြောင့်ရော မည်သူမှတော့ မမြင်ချေ။

"အားရန်...သမားတော်က ဘာပြောလဲ၊ ထပ်ပြီးစောင့်ရမှာလား...''

အတွင်းဘက်မှ ဟန်ယုနင်၏ အသံထွက်ပေါ်လာသည်။

မကြားရသည်မှာ ကြာမြင့်သည့်တိုင် ဤ မိသားစုနှင့် ရင်းနှီးသော ရှောင်ဟိုင်အတွက် မှားစရာအကြောင်းအရင်း မရှိပေ။

"ဟုတ်တယ်...ထပ်ပြီး စောင့်ရမယ်''

ဟန်မင်းရန်၏ အသံ ။

ရှောင်ဟိုင် ရင်ထဲတွင် နှလုံးခုန်သံက ကျယ်လောင်လာ၍ အတွင်းမှ သတိပြုမိမည်ကိုပင် စိုးရိမ်ရသည်။

တစ်ဆက်တည်းပင် သူက ထူးခြားနေသည်ကိုလည်း သတိပြုမိသည်။

ဒဏ်ရာရသည်က ဟန်မင်းရန် မဟုတ်လေသလော . . .

"သူသက်သာလာမှာပါ၊ စိုးရိမ်စရာ မရှိဘူးလို့ ပြောတယ် ၊ သမားတော်ကိုပဲ ယုံလိုက်ရအောင်''

အချိန်အနည်းငယ်အထိ ဟန်မင်းရန်နှင့် ဟန်ယုနင်သည် စကားအချီအချ ပြောနေခဲ့သည်။ ထွေထွေထူးထူးတော့ မဟုတ်ချေ။ ဟန်မင်းရန်က ဟန်ယုနင်ကို စိတ်အေးအေးထားရန် ဖျောင်းဖျနေခဲ့သလို ဟန်ယုနင်ကလည်း ဟန်မင်းရန်ကို အလုပ်တာဝန်များအကြား နစ်မွန်း၍ပဲ မနေဘဲ ဂရုစိုက်ရန် ပြောနေသည်။

A Song Of Weeping Willow (Complete)Opowieści tętniące życiem. Odkryj je teraz