အပိုင်း (၅၇)

10.3K 1.8K 301
                                    

                  ပိုင်ဟူ မင်းရူးနေတာပဲ

ရွှေရေးမှုန်မှုန် နှင့် အနီဖျော့ဖျော့ ယှက်သန်းနေသော ညနေစောင်းဆည်းဆာချိန်၌ မျှော်စင်ကြီးပေါ် ရောက်နေခဲ့သည့် ချွမ်မင်ကျူ့မှာ သူ မည်သို့မည်ပုံ လျှိုစံအိမ်ကြီးကို ပြန်ရောက်သည်ကို မမှတ်မိတော့ ။

ပိုင်ဟူက သူ့ကို ပွေ့ချီသွားသည်ကိုတော့ သူသိသည် ။

မြင့်မားမတ်စောက်သော လှေကားအုံများထက်တွင် စံအိမ်သခင်တော်က လှပကြော့ရှင်းသည့် ပုံရိပ်လွှာကို ပွေ့လာသောအခါ အစေအပါးတို့သည် အသက်ဝင်နေသည့် ရင်သပ်ရှုမောဖွယ် ပန်းချီကားတစ်ချပ်ကို မြင်ရသည့်အလား အကြည့်လွှဲရန်ပင် မေ့လျော့သွားကြသည် ။

"ပိုင်ဟူ ၊ ငါလမ်းလျှောက်နိုင်တယ်''

ချွမ်မင်ကျူ့ခမျာ အကြည့်များ ရောက်လာသည်ကို ခံစားမိတော့ နားရွက်များ နီမြန်း၍ အသံသည်လည်း တိမ်ဝင်နေသည် ။
တကယ်တော့ သူနည်းနည်းလေးပဲ စိတ်လှုပ်ရှားတာပါ ။ ဓားပျံပေါ်က အဆင်း ချော်ပြီး ခြေထောက်ခေါက်သွားသည်က မတော်တဆ ဖြစ်သွားခြင်းသာ ။

"ရှစ်ရှုန်းက အမြဲတမ်း လမ်းလျှောက်ရင် သတိနဲ့ လှမ်းတဲ့သူပဲ ၊ အခုလို ဖြစ်သွားရတာ ကျွန်တော်ကြောင့်ပါ''

ပိုင်ဟူက အမှန်တကယ်လည်း သူ့အပြစ်ဟုသာ တွေးနေသည် ။ လမ်းလျှောက်ခြင်း ၊ စားသောက်ခြင်းတို့ အမှု၌ ရှစ်ရှုန်း မည်မျှစနစ်ကျနသည်ကို သူအသိဆုံးလေ ။ သူသာ ရှစ်ရှုန်းကို ထိတ်လန့်အောင် မလုပ်ခဲ့လျှင် ရှစ်ရှုန်းလည်း ချော်လဲမည် မဟုတ် ။

"မင်းကြောင့် မဟုတ်ပါဘူး ၊ ငါနမော်နမဲ့ ဖြစ်သွားတာပါ''

ချွမ်မင်ကျူ့သည် ပိုင်ဟူက သူ့ကို လွတ်ပေးရန် ဆန္ဒမရှိဘဲ ခပ်တင်းတင်း ပွေ့လာသောအခါ ငြိမ်နေရန်ပဲ ဆုံးဖြတ်လိုက်သည် ။

တကယ်တော့ သူ့နှလုံးသားလေးသည် မြက်ခင်းစိမ်း၌ ပြေးလွှားနေသော မြင်းတစ်ကောင်လို အရှိန်နှင့် ခုန်နေသည် ဖြစ်ရာ ကိုယ်တိုင်လည်း သတိခိုင်ခိုင်နှင့် လမ်းလျှောက်ဖို့ ယုံကြည်ချက် မရှိချေ ။

A Song Of Weeping Willow (Complete)Where stories live. Discover now