အပိုင်း (၁၉)

11.9K 2.2K 161
                                    

ရှစ်ရှုန်း! မဖတ်နဲ့

အေးစိမ့်စိမ့်လေပြည်က ပိတ်ပါးကန့်လန့်ကာကို ကျော်ဖြတ်ကာ တိုက်ခိုက်လာသည်။

ချွမ်မင်ကျူ့က မထူမပါး ဂွမ်းကပ်စောင်အဖြူကို ကိုယ်နားကပ်၍ ဆွဲခြုံမိတော့ တစ်စုံတစ်ရာ၏ ဖိအားက သက်ရောက်နေသလို စောင်က ရုတ်တရက်ပါမလာချေ။ သူ၏ မျက်ဝန်းအစုံကို ဖွင့်ကာ ကြည့်လိုက်သောအခါ နံဘေးတွင် အိပ်စက်နေသော ပိုင်ဟူကို တွေ့လိုက်ရသည်။

ပိုင်ဟူသည် ကျဥ်းမြောင်းသော ခုတင်ထက်တွင် နံဘေးသို့ တိုးကပ်ကာ လက်နှစ်ဖက်ကို သူ၏ ရင်အုပ်ပေါ်ယှက်တင်သော အနေအထားနှင့် အိပ်နေသည်။

သူ၏ အရပ်က ရှည်လျားလွန်း၍ စောင်ဖြူဖြူက ခြေဖျားများထိလုံအောင် ခြုံပေးနိုင်ခြင်းမရှိပေ။ စောင်တစ်ထည်တည်းက သူတို့နှစ်ယောက်အတွက် မလုံလောက်သည်ကအမှန်ပင်။

ထိုထက်ပို၍ ပိုင်ဟူက ချွမ်မင်ကျူ့ကို ထိမိမည်ဆိုးသည့်အလား ကုတင်အစွန်းသို့ ရောက်လုလု ဖြစ်နေရာ သူတို့နှစ်ယောက်ကြားက အကွာအဝေးသည် ကျယ်ဝန်းလှပြီး မည်သူမှ မခြုံမိဘဲ အလယ်၌သာ စောင်က ပုံနေသည်။

"ဟမ်း...''

ပါးလှလှဝတ်ရုံနှင့် အပေါ်ဝတ်ကို ထယူရန်ကလည်း ပျင်းရိလွန်းရာ ချွမ်မင်ကျူ့သည် စောင်ကို သူ့ဘက်သို့ ဆွဲယူရန် ကြိုးပမ်းမိခြင်း ဖြစ်သည်။ သို့သော် အိပ်ပျော်နေသည်က သူတစ်ယောက်တည်းမှ မဟုတ်တာ။

"ဒါများ အပြင်မှာအိပ်မယ်တဲ့''

စောင်ကို ပိုင်ဟူ၏ ခြေထောက်ထိ လုံအောင် ခြုံပေးရင်း အေးစက်နေသော ခြေချောင်းရှည်များနှင့် မတော်တဆ ထိမိသွားချိန်တွင် ချွမ်မင်ကျူ့ ရေရွတ်မိသည်။

နူးညံ့နွေးထွေးသော ငှက်မွေးလို အထိအတွေ့ကြောင့် ပိုင်ဟူ၏ ကိုယ် အနည်းငယ် လှုပ်သွားသည်။

"ရှစ်...ရှုန်း...''

မှိန်ဖျဖျလရောင်တိုးဝင်မှုကြောင့် အခန်းတွင်း မဆိုစလောက်လင်းနေသည်။ ပိုင်ဟူ မျက်လုံးများကို ဖွင့်ကြည့်တော့ ထ၍ထိုင်ကာ စောင်၏ အစကို အောက်သို့ ဆွဲချပေးသော ချွမ်မင်ကျူ့ကို တွေ့လိုက်ရသည်။

A Song Of Weeping Willow (Complete)Tahanan ng mga kuwento. Tumuklas ngayon