ကြယ်တစ်သောင်းနန်းတော်ဆီသို့
ချွမ်မင်ကျူ့နှင့် ပိုင်ဟူသည် ပုံရိပ်ယောင်မဟုတ်ဘဲ အစစ်အမှန်ဟု ယူဆရသည့် ကြယ်တစ်သောင်းနန်းတော် ရှိမည် ထင်ရသည့်မြောက်အရပ်ဆီသို့ ဦးတည်လှမ်းလာကြသည်။
လမ်းတစ်လျှောက်တွင် ကျင့်ကြံသူ အချို့၏ အလောင်းများကို တွေ့လိုက်ရာ ချွမ်မင်ကျူ့ အနည်းငယ် လန့်သွားသည်။ ပိုင်ဟူက သူ၏ ဓားကို အသင့်ပြင့်လျက်-
"သွေးချောင်းစီးတဲ့တိုက်ခိုက်မှုတွေ စနေပြီ ထင်တယ် ရှစ်ရှုန်း သတိထား''
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်ရတာလဲ ။ အကုန်လုံးက ကိုယ်ပိုင်လက်နက် ရှာတဲ့ဆီပဲ ဦးတည်ရမှာကို အချင်းချင်းသတ်ဖြတ်နေမှာလား''
အလောင်းဆီမှ အကြည့်လွှဲပြီး စိတ်မသက်မသာဖြင့် ချွမ်မင်ကျူ့က ပြောသည်။
"အချို့ကလည်း ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို ဒီမှာလာဖြေရှင်းကြတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာက အန္တာရာယ်များတဲ့နေရာမလို့ သေဆုံးသွားရင်တောင် ဆန်းတာ မဟုတ်ဘူးလို့ တွေးထားကြတော့ လက်ရဲဇက်ရဲ လုပ်ကြပုံပဲ''
"အင်းးး''
ချွမ်မင်ကျူ့ခေါင်းညိတ်ကာ သက်ပြင်းချလိုက်သည်။ ကျင့်ကြံခြင်းလောကက လူများကို တကယ်ပင် နားမလည်နိုင်။ မိမိအတ္တအတွက် လူ့အသက်ကို ပစ်စလက်ခတ် သဘောထားကာ ရန်လိုကြသည်။ ဒါနဲ့များ သူ့ကို ကူနန်မြို့က သားသတ်သမားလို့ အမည်ပေးထားသေးသည်။
သူတို့လျှောက်လှမ်းလာကြရင်း လမ်း၌ မှော်ဝင်မိစ္ဆာသားရဲများနှင့် ဆုံရာ ချွမ်မင်ကျူ့က သူ၏ မြင်းနှင်တံကိုပင် မမြှောက်လိုက်ရသေး။ ပိုင်ဟူက လေလိုအလျင်ဖြင့် သူ၏ ဓားကို ထုတ်ပြီး ဖြစ်သည်။
"ရှစ်ရှုန်းနောက်မှာနေ''
ပိုင်ဟူပြောလာသောအခါ ချွမ်မင်ကျူ့လည်း ငြင်းဆန်မနေတော့ချေ။ အေးအေးဆေးဆေး နေနိုင်ချိန်တွင် သူမည်သည့်အကြောင်းကြောင့် အပင်ပန်းခံပါမည်နည်း။
ပိုင်ဟူ၏ ကျင်လည်သော ဓားချက်အောက်တွင် မှော်ဝင်မိစ္ဆာများ အသက်ပျောက်သွားချေသည်။
أنت تقرأ
A Song Of Weeping Willow (Complete)
أدب تاريخيTitle - A Song Of Weeping Willow (မိုးမခပင်၏ တေးသံသာ) Start Date- 9.10.2020 Genre- Own Creation, Chinese Historical, Cultivation, Romance, BL