1 ~ (uni)

2.6K 133 5
                                    

ဆေးရုံက ကုတင်ထက်မှာ လူနာဝတ်စုံနဲ့ သူရဲ့ တကိုယ်လုံးက နီကျင့်ကျင့် အဖုတွေ ကိုကြည့်ပြီး ဂျောင်ဝူး က မျက် မှောင်ကျုံ့မိတယ်။ ဆိုယောင်း က ရေခွက်ထဲ ရေဖြည့်ပြီး သူ့ကိုကမ်းပေးလာတယ် ။
အသည်းကွဲနေလည်း သူ့နားမှာအမြဲအဆင်သင့်ရှိနေတဲ့ သူငယ်ချင်းတွေကြောင့် သူကံကောင်းးတယ်ပြောရမယ်။ နီနီရဲရဲဆိုးထားတဲ့ နူတ်ခမ်းတွေက တွန့်ချိုးနေရင်း သူ့ကို အပြစ်ပြောဖို့ စောင့်နေတာကိုလည်း သိတယ်  .. ။ ဆိုယောင်း လှမ်းပေးတဲ့ ရေခွက်ကို သောက်ပြီး စကားစလိုက်တယ်။

"  ဆိုယောင်း ဟိုကောင်တွေကရော "

" ယိုရှီ က အိမ်ခဏပြန်သွားတာ စောနကပဲ ပြန်လာတော့မယ်လို့ ဖုန်းဆက်တယ် အဆာဟီ က နင်ဆေးရုံဆင်းဖို့ လိုတာ သွားလုပ်နေတယ် "

" အင်း အင်း "

" နင်.. "

" မပြောနဲ့ တော့ ငါ သိပါတယ်  "

လက်ရှိ အခြေအနေမှာတော့ သူတကယ် ဆိုယောင်း ရဲ့ ပွစိစိလုပ်မဲ့စကားကို မကြားနိုင်သေးဘူး ... ။
ဂျောင်ဝူး က ဘာမှ မပြောတော့ပဲ ခပ်တွေတွေပဲ ပြတင်းပေါက်ကို ငေးလို့ အတွေးစလွင့်နေခဲ့တယ်။

ဟာရူတို ကို စတွေ့တာ  first year စ တတ်တဲ့နေ့က ဖြစ်တယ်။ အတန်းမစသေးတာနဲ့ သန့်စင်ခန်း ခဏ သွားဦးမယ်ဆိုပြီး ဂျောင်ဝူး က ဖုန်းတွေ လွယ်အိတ်တွေ အကုန် ထားခဲ့ပြီး ထွက်လာခဲ့တာ ... ။ ပြန်ထွက်လာတော့ သူလမ်းမသိတော့ဘူး ။ ဘယ်လိုပဲ ဥာဏ်ကောင်းလွန်းပါတယ်ပြောပြော ဂျောင်ဝူး က လမ်းတွေကို မမှတ်မိနိုင်တဲ့ ပြသနာ ရှ်ိတယ် ။

သန့်စင်ခန်းထဲက အထွက် ဆင်တူဖြစ်နေတဲ့ အခန်းတွေ နဲ့ လမ်းချိုးတွေကြောင့် သူအခန်းကို သူမမှတ်မိတော့ဘူး ။ ပြသနာက အဲ့မှာ စတာ သူ့မှာ ဖုန်းလည်း မပါဘူး ။

မထူးဘူးဆိုပြီး သူ အိမ်သာထဲပဲ ပြန် ဝင်နေလိုက်တယ်။ အရမ်းကြာနေရင် သူ့အကြောင်းကို သိတဲ့ ဟိုကောင်တွေ လာရှာလောက်မှာကို သိလို့  . မှန်ရှေ့က သူ့ကိုယ်သူလည်း ခေါင်းကိုလက်နဲ့ရိုက်လို့ ... ။ အဲ့လောက် တောင် မမှတ်မိရလား ဆိုပြီး အပြစ်ပေးနေတာ ။

Going Crazy  [Completed]Where stories live. Discover now