11 ~ ( uni )

661 111 12
                                    

[11]
အလန့်တကြား အိပ်ယာကနေ လန့်နိုးလာပြီး ဖုန်း screen က နာရီကို ဖွင့်ကြည့်တော့ မနက် ၁၀ နာရီခွဲနေပြီ ။
kakao talk chat ထဲက noti တွေလည်း ပလူပျံလို့
ဆိုယောင်းရဲ့ ပတ်ဂျောင်ဝူး နင်သေနေပြီလားဆိုတဲ့ စာက ထိပ်ဆုံးမှာပဲ ပေါ်ပေါ်ထင်းထင်းမြင်နေရတယ် ။
ဂျောင်ဝူးက အိပ်မူန်စုံဖွားနဲ့ ဖွာလန်ကျဲနေတဲ့ ဆံပင်တွေကို သေသပ်အောင် ပြုလုပ်လိုက်ပြီး ဖုန်းကို ပြန်ချထားလိုက်တယ် ။ အာရုံ တတ်ခါနီးအချိန် လောက်မှ အိပ်ပျော်သွားတဲ့အတွက်ကြောင့်မလို့ ယခု သူရဲ့ခေါင်းက မကြည်မလင်ဖြစ်နေတယ် ။ ခေါင်းကိုက်ဖို့ အနည်းငယ်လိုတဲ့ အဆင့်ပဲ .. ။

ရေချိုးခန်းထဲ ဝင်လို့ မျက်နှာသစ်ပြီးမှ မှန်ရှေ့က သူကိုယ်သူ ကြည့်လိုက်တယ် ။

" မင်းလား ဟာရူတိုရဲ့ ရည်းစားဆိုတာ "

ရွတ်နောက်နောက် ပြောရင်း တစ်ယောက်ထဲ ခွက်ထိုးခွက်လန်နဲ့ အော်ရယ်မိတယ် ။ သူ တကယ်ကို ရူးသွားပြီပဲ ...

အချိန်က အတော်လင့်နေပြီ .. ။ နောက်ပြီး ဂျောင်ဝူး က စိတ်ကောက်နေတယ် ...အကြောင်းအရင်းက အသစ်စက်စက် သူရဲ့ ရည်းစားလေးက သူ့ဆီကို မဆက်သွယ်ထားလို့ပါပဲ ။
ဟာရူတိုရဲ့ ဖုန်းနံပါတ်က သူဖျတ်ထားတဲ့အတွက် သူမှာရှိမနေဘူး .. ဟာရူတိုဟာ IG ကနေလည်း သူ့ကို စာမပို့ထားခဲ့ပါဘူး ။
အဲ့အစား ဖုန်းရဲ့ Noti bar ဟာ ယိုရှီ ဆိုယောင်း နဲ့ အဆာဟီတို့ရဲ့ ဆဲဆိုစာ များ miss calls များနဲ့သာ ပြည့်ညှပ်နေခဲ့တယ်။

Ring ......

မျှော်လင့်ထားတဲ့သူဆီက ဖုန်းမဟုတ်တဲ့အခါ ဂျောင်ဝူးက အားလျော့သွားတယ် ။

" အေးယိုရှီ ပြော "

" ဒီနေ့က ဟာရူတို လာကြိုမှာမလို့လား ငါ လာမခေါ်ရတော့ဘူးလား "

ယိုရှီရဲ့ စကားကို ကြားမှ ဂျောင်ဝူးက အတန်းချိန်ရှိတာကို သတိရသွားတယ် ။

" မဟုတ်ပါဘူးကွာ မင်းအခုဘယ်မှာလဲ ငါအိပ်ယာထနောက်ကျသွားလို့ပါ လာခေါ်လာခေါ်  "

ယိုရှီနဲ့ ဖုန်းပြောပြီးတာနဲ့ သူခပ်မြန်မြန်ပဲ ရေချိုးလို့ အင်္ကျီလဲ ရတယ် ။ အဝတ် ဗီရိုထဲက ဂျင်းအပြဲ တွေကို ကြည့်ရင်း ဟာရူတိုပြောတဲ့ " အပေါက်အပြဲအတော်ကြိုက်တာပဲ " ဆိုတဲ့ စကားကို ပြန်သတိရသွားပြီး ပြုံးမိပြန်တယ်။ သူမှာ ဂျစ်တိုက်ချင်တဲ့စိတ်လေးဝင်လာပြီး ဂျင်းဘောင်းဘီ ရဲ့ ပြဲနေတဲ့ နေရာနားကို ထပ်ပြီးဖြဲလိုက်တယ် ။ အနည်းငယ်မဟုတ်ပဲ အတော်ကြီး ပြဲသွားပြီဖြစ်တဲ့ ဘောင်းဘီကို ဝတ်ထားတဲ့အခါ ဟာရူတို ဘာပြောမလဲဆိုတာ ကို သူသိပ်စိတ်ဝင်စားပါတယ် ။
ထို ဘောင်းဘီရိုးရိုး ကော်လံပါ ရှပ်အကျီကို ဗြောင် လက်တိုနဲ့ပဲ တွဲဖတ်ဝတ်ဆင်လိုက်တဲ့အခါ မှာ ဂျောင်ဝူးဟာ လုံဝကိုလူငယ်ဆန်ပြီး အတော်လေးကိုကြည့်ကောင်းနေတယ်။

Going Crazy  [Completed]Where stories live. Discover now