10 ~ ( uni )

693 106 4
                                    

[10]

" ငါဝယ်ကျွေးရမှာမဟုတ်ဘူးလား ဘာလို့ ကြည့်ကောင်းတဲ့ပုံစံမျိုး ဖမ်းနေတာလဲ "

ဂျောင်ဝူးရဲ့စကားကြောင့် ကားတံခါးကို ဖွင့်ဖို့လုပ်နေတဲ့ဟာရူတိုက မဖွင့်သေးပဲ ကားအမိုးပေါ်ကိုလက်တင်လို့ တဖက်က ဂျောင်ဝူးကို ​ပြန်ကြည့်တယ်။

" ငါက အမြဲတမ်းကြည့်ကောင်းတဲ့လူမျိုးပဲ
ဘာမှ ပြောမနေနဲ့ တတ်တော့ "

ကားပေါ်မှာထိုင်လို့ ဘေးတစောင်းမြင်နေရတဲ့ ဟာရူတိုနဲ့ မျက်နှာအကျပုံစံက သိပ်ကိုစွဲမက်ဖွယ်ကောင်းတယ် ။ ခပ်ထွေထွေဖြစ်နေတဲ့ မျက်လုံးအကြည့်တွေက ပိုလို့တောင် ရူးမက်ဖွယ်ကောင်နေသေးတယ် .. ။ ရှပ်အကျီ အသားရောင်ကိုမှ အပေါ် ကြယ်သီးကို ဖွင့်ဟ ထားတဲ့ဆီ အကြည့်ရောက်တဲ့အခါ ဂျောင်ဝူးက အာခေါင်တွေခြောက်လာတယ်။
အား ဟာရူတို မင်းကငါ့ကို ရူးသွပ်ပြာကျသွားရအောင်လုပ်နေတာပဲ ...။ ဆက်ကြည့်လို့ မဖြစ်တော့ဘူး ..
အာရုံလွှဲတဲ့အနေနဲ့ ကားမှန်တံခါးကိုဖွင့်လို့ မှန်တံခါးပေါက် အပြင်ကို မျက်နှာလှည့်လိုက်တယ် ။

" ညလေက အေးတယ်လေ ပြန်ပိတ်ထားလိုက်တော့ "

ဟာရူတိုဆီက မတိုးမကျယ်အသံလေးထွက်ပေါ်လာတယ် ။ ရုပ်မမြင်ရပဲ ကြားလိုက်ရတဲ့ သြရှရှ အသံကတောင် ဂျောင်ဝူးရဲ့ တကိုယ်လုံး ကြက်သီးဖြန်းဖြန်းထစေတယ် .. ။ အာ ဒါလည်းအလုပ်မဖြစ်ဘူး ။ နောက်ထပ်အာရုံပြောင်းနိုင်ဖို့ ကားရဲ့ ရေဒီယိုကို လှည့်ဖွင့်လိုက်တယ် အသံကိုအရမ်းအမြင့်ကြီး ဖွင့်ချလိုက်မိပြန်တော့ ဟာရူတိုဆီက ညည်းညူသံထပ်မံကြားရပြန်တယ် ။

" အရမ်းဆူတယ် "

ဂျောင်ဝူးက နောက်ဆုံးမှာတော့ ရေဒီယိုကိုရော ကားမှန်းတံခါးကိုရော ပြန်ချလိုက်တယ် ။
ဟုတ်ပြီ ရှေ့တည့်တည့်ပဲကြည့်ရအောင် ... ။
လွယ်အိတ်အနီကိုပေါင်ပေါ်မှာတင် လက်ကိုအကျအန ပိုက်လို့ ရှေ့တည့်တည့်ကိုပဲ စိုက်ကြည့်နေလိုက်တယ် ။

ဟာရူတိုက ကားမောင်းနေရင်း ဘေးက ဂဏာမငြိမ်တဲ့ ကောင်လေးကိုလှမ်းကြည့်လိုက်တဲ့အခါ ဆူဆူပုတ်ပုတ်နဲ့ လက်ပိုက်ထိုင်နေတာကိုတွေ့တယ် ။
သူဘာလုပ်မိလို့လဲ ဘာများပြောမိပြန်လဲ ဘာအမှားပါသွားလဲ ပြန်စဥ်းစားမိပြန်တော့လည်း သူပြောတာ စိတ်ကွက်ရလောက်တဲ့ထိတော့ မဖြစ်သင့်ဘူး မဟုတ်လား .... ။

Going Crazy  [Completed]Where stories live. Discover now