15 ~ ( zawgyi )

137 17 3
                                    

[15]

" ကဲ လုပ်ချင်ရာလုပ်ပြီးပြီဆိုတော့ စိတ်အခြေအနေကရော အဆင်ပြေရဲ့လား "

ဆယ်ယွန်းက သူကိုင်ထားတဲ့ လက်ကို ရုန်းလိုက်ပြီး ပြောလာတယ်။

ဟာရူတိုက  သူ့ကို တွေ့တာတောင် ဘာမြှဖစ်မပြသွားတဲ့ နေ့လည်က ဂျောင်ဝူးကို လုံးဝ မကျေနပ်ဘူး ။ ဟန်ဆောင်ကောင်းတဲ့ ပတ်ခ်ဂျောင်ဝူးကို ထပ်ဟန်ဆောင်နိုင်ဉီးမလားလို့ သူအမရဲ့ သူငယ်ချင်းကို အကူညီတောင်းပြီး ခေါ်ချလာလိုက်တယ်။ အဲဒီမှာ မင်းပဲ ချစ်တတ် " မင်းပဲ အကုန်နားလည်တဲ့ပုံစံမျိုးဖမ်းပြီး တသက်လုံးနာကျင်နေလိုက်တော့ ပတ်ခ်ဂျောင်ဝူး ...

အွန်းဗြောနဲ့အတူ ဂေဟာကို လုပ်အားသွားပေးရင်း သူမက ပြောပြလို့ ဂျောင်ဝူး သတိလက်လွတ် ဆေးရုံရောက်သွားရတဲ့အကြောင်းနဲ့ သူ့ရဲ့အမေ နောင်တစ်ခေါက်သူ့ကိုထပ်သွားတွေ့တဲ့အကြောင်းကို ဟာရူတို အကုန်သိသွားခဲ့ရတယ် ။ ပတ်ဂျောင်ဝူး က သူ့ ပြောသမျှစကားတခွန်းကို အတည်မှတ်တာကိုလည်း သိပ်အံ့သြရပါတယ် ။ စိတ်တိုရင်တော့ ပြောမိမှာပဲ သူလုပ်တဲ့အမှားက သေးသေးလည်းမဟုတ် ဒါပေမဲ့ သူပြောတဲ့စကားကို တကယ်အဟုတ်ထင်ပြီး ဂျောင်ကလောင်မှာ ကြိတ်ငိုနေတာမျိုးကိုတော့ သူလုံးဝမကြိုက်ဘူး ။

ဒီနေရာမှာ ဟာရူတို လုံးဝ မသိတဲ့အချက်ကတော့ ဂျောင်ဝူး ဟာ သူပြောတဲ့စကားဆို တခုခြင်း လိုက်ခံစားတတ်ပြီး ဝမ်းနည်းလွယ်တယ် ဆိုတာပါပဲ ...

///

ငိုချင်လို့သာ အပြင်ကိုထွက်လာတာ ငိုလို့ဝသွားတဲ့အချိန် ဘေးပတ်ဝန်းကျင်က ဆင်တူနေတဲ့ အဆောက်အဦတွေကြောင့် ဂျောင်ဝူးက ခေါင်းကိုက်လာတယ် ။ လမ်းကြားတွေက လည်း အများကြီးဖြစ်နေပြီး ဘယ်သွားသွား ဒီနေရာကိုပဲ ပြန်ရောက်လာတဲ့အခါမှာ ငိုချင်စိတ်က နှစ်ဆဖြစ်သွားတယ် ။ ချက်ချင်းဆိုသလို သူ့ခေါင်းတွေကို ထုရိုက်လို့ ငိုတယ် ။

" ဒီလမ်းလေးတောင် ဘာလို့မမှတ်မိရတာလဲ စောက်ရူးရဲ့ ..."

ညနက်ဖြစ်တာကြောင့် လူသွားလူလာပျတ်တဲ့ ဒီနေရာမှာ ဖြတ်သွားဖြတ်လာဆိုလို့ တယောက်မှ ရှိမနေဘူး ။ အဲ့တာကြောင့်  တယောက်တယောက်ဆီကနေ ဖုန်းခဏယူ ဆက်ပြီး သူ့ကိုလာခေါ်ပေးဖို့အကူညီတောင်းမဲ့ အစီစဉ်ကလည်း ခုထိမဖြစ်မြောက်သေးဘူး ။

Going Crazy  [Completed]Where stories live. Discover now