4 ~ (zawgyi)

86 17 0
                                    

[4]
စကစားပြီဆိုတာနဲ့ ဂျောင်ဝူး က ဟာရူတို အနောက်မှာပဲ ကပ်လို့ လုံးဝ မကစားတတ်တဲ့လူလို အပြီအပြင် ဟန်ဆောင်ခြင်းလုပ်ငန်းကစတင်တယ်။ ဟာရူတို ခန္ဓာကိုယ် တိမ်းစောင်းရာနောက် ရှောင်တိမ်းပြီး သူ့ဆီပစ်လာတဲ့ ဘောလုံးကိုလည်း မမိအောင် ပုတ်တယ် ။ မိပြီးသားဘောလုံးကိုလည်း လူပြန်မကြည့်ပဲ ခြင်းထဲကို လှမ်းလှမ်းထည့်ရင်း သူတော်တော်ညံတာပဲဆိုတဲ့စကားကို အရသာခံလို့ ဟာရူတို ကို သင်ခိုင်းမဲ့ အစီအစဉ်ကို အကောင်အထည်ဖော်တယ်။

Stae ကျောင်းတုန်းက ဘက်စကတ်ဘောဆို ပွဲတိုင်းမလွတ် ဝင်ဆော့လာတဲ့ ဂျောင်ဝူး က မဆော့တတ်ချင်ယောင် ဟန်ဆောင်နေတာကို ကြည့်ပြီး ဆွံအလွန်းလို့ အဆာဟီ နဲ့ ယိုရှီကတော့ စိတ်ပျတ်သော အကြည့်တွေကိုသာ ပေးနေခဲ့တယ်။ အန်နာ ပြန်သိပြီးတဲ့နောက်မှာ ငါ့ကိုလိုက်တဲ့သူတွေထဲ နင့်လောက်ကြိုးစားတဲ့လူရှိရင် ငါသနားလို့ပြန်ကြိုက်မိမှာ ဆိုပြီးလည်း တဟားဟား ရယ်ရင်း ပြောနေခဲ့ပါသေးတယ်။

ကစားပြီး အားလုံးပြန်သွားပြီးတဲ့နောက်တော့ ကလပ်ခေါင်းဆောင်နားကပ်လို့ ကလပ်လူစာရင်းထဲက ဟာရူတို ဖုန်းနံပါတ်ကို ဂျောင်ဝူး က အရယူလာခဲ့တယ်။ ph.no ရဖို့အတွက် ကလပ်ခေါင်းဆောင်ကို လာဘ်တော့ထိုးခဲ့ရတာပေါ့ ... ။

ဟာရူတို ဟာ ခေါင်းလျော်ပြီး နောက် သဘက်ခေါင်းပေါ်တင်ရင်း ကုတင်ပေါ်ထိုင်ချလိုက်ပြီးနောက် တဒီးဒီးနဲ့ တုန်ခါနေတဲ့ ဖုန်းကို သူဖွင့်ကြည့်လိုက်တယ်။ ယုတ်ချည်းဆိုသလို တွေ့လိုက်ရတဲ့ စာတွေကြောင့် ခေါင်းလျှော်ပြီးခါစ ပေါ့ပါးနေတဲ့ သူရဲ့ခေါင်းက တဖန်နောက်ကျိသွားပြန်တယ်။

( hello ငါ ပတ်ဂျောင်ဝူးပါ )
( ig follow accept လုပ်ပေးရင် မနှောက်ယှက်တော့ဘူး )
(အိပ်ပြီလားဟ)

ဘယ်ကနေဘယ်လိုသူ့ဖုန်းနံပါတ်ကိုရသွားသလဲ။ မိန်းကလေးတွေတောင် သူ့ကိုလိုက်ရင် မသိမသာ အထာပေးတာမျိုးပဲ ကြုံဖူးတာပေမဲ့လို ဒီ ပတ်ဂျောင်ဝူးဆိုတဲ့ကောင်ကတော့ အဆုံးစွန်ထိ နှောက်ယှက်လာမဲ့ သဘောမှာရှ်ီတယ်။
follow accept ရော follow back ပါ မလုပ်ပေးနိုင်တာကြောင့် ဟာရူတို က ခပ်မြန်မြန်ပဲ ig app ထဲဝင်လို့ သူ့ရဲ့ acc ကို public ဖွင့်လိုက်တယ် ။ အဲနောက်တော့ J_woopy follow you ဆိုတဲ့ noti ကို နှိပ်လို့ ဂျောင်ဝူး ရဲ့ ig acc ထဲ ပုံအချို့ဆီ မျက်စိကရောက်သွားတယ်။ဂျောင်ဝူး ရဲ့ acc ထဲမှာ သူငယ်ချင်းတွေ လျောက်သွားတဲ့ပုံတွေသာ ပြည့်နှက်နေပြီး သူ့ ရဲ့ ပုံဆိုလို့ လက်၂ချောင်ထောင်ထားတဲ့ selca ပုံ တပုံသာ ရှိတယ် ။ ဆိုက်ဂိုက် နဲ့ နေတဲ့ ကောင်က ပုံမတင်တာကြောင့် နည်းနည်းတော့ အံသြသွားတယ် ။ IG story ကို လက်ထောက်မ်ီတဲ့အခါ ရေဗူး ပုံကို ပျော်ရွှင်ခုန်ပေါက်နေတဲ့ ယုန်စတစ်ကာလေးနဲ့တွဲတင်ထားတယ်။အဲ့ရေဗူးက သူ့ဆီကတောင်းသွားတဲ့ ရေဗူးပဲ ဖြစ်တယ်။

Going Crazy  [Completed]Where stories live. Discover now