8 ~ (zawgyi)

84 16 0
                                    

[8]
တနေ့ထက် တနေ့ ဒီလူဆီက ရုန်းမထွက်နိုင်သလို ဒီလူနားလည်း ကပ်မရလေ ဖြစ်လာခဲ့တယ် ။
ဒီရက်ပိုင်း ဂျောင်ဝူးရဲ့ အတွေးတွေထဲ ဟာရူတိုက အဆင်အမြဲ ရှိနေတတ်ပြီး ငါလုပ်နေတာ မှန် ရဲ့လား ဆိုတဲ့ မေးခွန်းကိုပဲ ထပ်တလဲလဲမေးမိနေသလို  ညဆို နောက်ကျ မှ အိပ်လာတတ်ပြီး မနက်ဆို အစောကြီး နိုးနေမိတယ် ။

အိပ်ယာ ထဲမှာ လူးလိမ့်နေရင်း အဆက်မပြတ်တုန်ခါနေတဲ့ ဖုန်းကို ဖွင့်ကြည့်မိတော့ group chat ထဲမှ စာတွေက မရပ်မနားတတ်လာတယ် ။ စာတွေက ယိုရှီနဲ့ အွန်းဗြော အဆင်ပြေသွားတဲ့ အနေနဲ့ ဒကာခံမဲအကြောင်းနဲ ဟိုဟိုဒီဒီ အငြင်းပွားနေကြသော အကြောင်းအရာများသာဖြစ်တယ် ။ သူ စာပြန်ချင်စိတ်မရှိသေးတာကြောင့် ဖုန်း screen ကိုသာ မလူပ်မယှက်ကြည့်နေမိပြီး အတန်ကြာမှ ဖုန်းရဲ့ တုန်ခါမှုက ဆိတ်ငြိမ်သွားခဲ့တယ် ။

noti အများကြီးကို ကျော်လို့ ဆွဲကြည့်မိပြီးနောက်
အောက်ဆုံးနားက IG noti ဆီကို ရောက်တ watanabe_haruto follow you တဲ့ ... ။ ဂျောင်ဝူးက Noti စာတမ်းကို ကြည့်ရင်း ရင်ဘတ်ထဲက တုန်ရီလာတယ် ။ ဒါပေမဲ့ သူက ခပ်မြန်မြန်ပဲ ဖွင့်လို့ follow back ပြန်နိပ်လိုက်တယ် ။ ဟာရူတိုက သူ့ကို အနာပေးလိုက် ဆေးပေးလိုက် လုပ်နေသလိုပါပဲ ... ။

//

"လိမၼော္ရည္လား "

cafe ဆိုင်ထဲ မရောက်ခင်မှာပဲ ရုတ်တရတ်ကြီး အနောက်ဘက်ကနေ ခပ်အုပ်အုပ်အသံထွက်ပေါ်လာလို့ ဂျောင်ဝူး လှည့်ကြည့်မိတဲ့အခါ ဟာရူတိုကို တွေ့တယ် ။ ဂျောင်ဝူးက ခေါင်းအသာငြိမ့်ပြပီးနောက် ဟာရူတိုက

" တခါတည်း မှာမယ်လေ ငါလည်း ဝယ်မလို့ "

" ငါ ... ဝယ်တိုက်မှာပါ"

ဟာရူတိုက သူနဲ့အနာက် ကပ်ရပ်ကနေ စကားပြောနေတာပဲ ဖြစ်တယ် ။ 
ဟာရူတိုက သူ့ကို မဟုတ်ဘူး သူ့အတွက် ဝယ်ပေးမယ်တဲ့လား ... ဘာတွေ ဖြစ်ကုန်တာလဲ မနေ့ကမှ သူ့ကိုအော်ခဲ့တဲ့လူကလေ..
ဂျောင်ဝူးက တကယ်ကြီးမှင်သက်နေပြီး သူက ဟာရူတိုရဲ့စကားကြားပြီးခြင်းခြင်းပဲ ကျောက်ရုပ်လိုငြိမ်သက်နေနေတယ်။
နောက်တခါ ပြန်ပြီး ဟာရူတို မေးလိုက်တဲ့အချိန်မှပဲ ဂျောင်ဝူးက သတိပြန်ဝင်လာတော့တယ်။

Going Crazy  [Completed]Where stories live. Discover now