16 ~ (zawgyi)

155 16 0
                                    

လိုက်ဖိုနေတဲ့ရင်ခုန်သံနဲ့အတူ ပြုံးစိစိနဲ့ အိမ်ထဲ ဝင်လာတော့ အမေက မေးတယ် ။

" ဘာတွေ ပျော်စရာရှိနေလို့လဲ"

ဟာရူတိုက စာထိုင်ဖတ်နေတဲ့ အမေ့နားကို ကပ်ထိုင်လို့ ပြုံးရင်းပြန်ပြောတယ် ။

" မအိပ်သေးဘူးလား အမေ ညနက်နေပြီကို "

"သားမြှပန်မလာသေးတာ ပြောပါဉီး ဘာတွေပျော်နေတာလဲ ရည်းစားထားနေတာလား မဟုတ်မှလွဲရော အွန်းဗြောနဲ့

ဟာရူတိုက အမေနဲ့ သား ကြားမှာ ဘာလျို့ဝှက်ချက်မှ သိပ်မရှိတဲ့ ပွင့်ပွင်းလင်းလင်း သူငယ်ချင်းလိုပေါင်းလို့ရတဲ့ဆက်ဆံရေးကို ပိုင်ဆိုင်ထားတယ် ။

" noona နဲ့ မဟုတ်ပါဘူး "

"အဲ့တာဆို ဘယ်သူတုန်း "

" အား အမေ..စကားနိုက်တဲ့နေရာ သိပ်တော်တာပဲ "

ဟာရူတိုက ထအော်ရင်းပြောတယ် ။ တကယ်ပဲ သူရဲ့အမေက သူဘာဖြစ်နေလဲဆိုတာ ကို အကုန်သိနေတတ် တယ်လေ ... ။ ဟာရူတိုက ဂျောင်ဝူးအကြောင်းကို အစကနေ သေချာ​ပြောပြရင်း အမေအရင်း လာရှာတဲ့အကြောင်းကိုပါ စိတ်ရှင်းရှင်းနဲ့ပြောပြတယ် ။

" ဒါဆို ဆူဟီးက ဒီကိုလုံးဝ ပြန်မလာတော့ဘူးတဲ့လား "

" အမေ့ကို သားကောင်လေးအကြောင်းပြောပြနေတာ သူ့ကိုပဲမေးလေဗျာ "

ထိုစကားကြောင့် သူမက မျက်စောင်းထိုးရင်း

" အေးပါ.. သား သဘောကျတယ်ဆိုရင် ရပြီ
သားရွေးထားတဲ့လူမလို့ အဆင်ပြေမဲ့လူလို့ အမေကယုံကြည်ပါတယ် ဟုတ်ပြီလား "

"အဲ့လိုမှပေါ့ "

ဟာရူတိုက ပြောရင်း အမေ့ကို သိမ်းကျုံးဖက်လိုက်တယ် ။ အမေအရင်းအပေါ် မုန်းတီးနေတဲ့စိတ်ကို သူမ ဘယ်လိုဖျောက်ဖျတ်ပေးရပါ့မလဲ သက်ပြင်းချရင်း မိမိရင်ခွင်ထဲ တိုးဝင် လာတဲ့ ကောင်လေး ကို တင်းတင်းပြန်ဖက်ထားလိုက်မိပါတယ် ။

/////

" အန်တီ ဂျောင်ဝူး ရှိလား "

" သူ့အခန်းထဲမှာ ခုထိမထသေးဘူးလေ သွားနိုးလိုက်ပါဉီး အန်တီ နိုးမရလို့ "

Going Crazy  [Completed]Where stories live. Discover now