12 ~ ( zawgyi )

93 14 0
                                    

" ဟိုလေ ဒီက .. "

"ဗျာ ကျွန်တော်လား.."

အမျိုးသမီးတစ်ဉီးက ကျောင်း မိန်းထဲကို ဝင်ခါနီးဖြစ်နေတဲ့ ဂျောင်ဝူး ကို စကား လှမ်းပြောတယ် ။ သူမက နေကာမျက်မှန်ကို တပ်ဆင်ထားပြီး ခေါင်းမှာလည်း ပဝါတထည်ကိုခြုံထားတယ် ။ နှဖူးပြင်နဲ့ မျက်ခုံးကိုသာ မြင်နေရပေမဲ့ သူမက တော်တော်လေးလှပတဲ့မျက်နှာမျိုး နဲ့ လူဆိုတာ သိသာလို့နေတယ် ။

ဂျောင်ဝူးက ကိုယ့်ကိုယ်ကို လက်ညိုးထိုးလို့ ကျွန်တော်လားလို့ မေးတဲ့အခါ ထိုအမျိုးသမီးက နေကာမျက်မှန်ကို ချွတ်လို့ သူ့ကိုပြံးပြလာတယ်။

" ဟုတယ် .. ပြောစရာလေးရှိလို့ပါ "

" ဒီက ဟို .. မင်းသမီး လီဆူ ဆူဟီးလား .."

ထိပ်တန်းမင်းသမီး လီဆူဟီးဆိုတာ  ကိုရီးယားတစ်နိုင်ငံလုံးမှာ မသိတဲ့လူမရှိလောက်အောင် အောင်မြင်လှသော မင်းသမီးဖြစ်ပြီး လက်တလောကမှ အနုပညာလောကမှ ရပ်နားတော့မည်ကြောင်း သတင်းထုတ်ပြန်ထားသူဖြစ်တယ် ။
ဂျောင်ဝူးက ကိုယ့်မျက်လုံးကို မယုံကြည်နိုင်လောက်အောင် ပွတ်သတ်နေမိတယ် ။
ထိုအမျိုးသမီးက သူမ နူတ်ခမ်းတွေကို တွန့်ကွေးစွာပြုံးလိုက်ပြီး ခေါင်းငြိမ့်ပြတယ်။ နောက်ပြီး လက်ညိုးနဲ့ နူတ်ခမ်းနားကို ထိလို့ တိုးတိုးနေဆိုတဲ့ ပုံစံလုပ်ပြပြီး သူမရဲ့ နေကာမျက်မှန်ကို ပြန်တပ်ဆင်လိုက်တယ်။

"  အန်တီ တစ်ခုလောက် အကူညီတောင်းလို့ရမလား သား ခဏလောက် စကားပြောချင်လို့ "

ဂျောင်ဝူးက ဘာတွေ ဖြစ်နေတာလဲဆိုတာကို နားမလည်နိုင်စွာနဲ့ပဲ ခဏလောက်စကားပြောကြရအောင်ဆိုတဲ့နောက်ကို လိုက်လာမိတယ် ။ သူမက သူ့ကို လူသိပ်မရှိတဲ့ ဆိုင်တဆိုင်ကို ခေါ်ဆောင်သွားခဲတယ်။

" အချိန်ရော အဆင်ပြေရဲ့လား  "

" ရ ရပါတယ် ဘာကိစ္စရှိလို့လဲခဗျ "

"  အန်တီကို ကူညီပေးပါဉီး "

" အကြောင်းအရင်းကို အရင်ပြောပါလားဗျ ကျွန်တော် နဲနဲ လန့်နေလို့ "

ဂျောင်ဝူး က ဘယ်သူမှ မရှိတဲ့ အခန်းထဲ မင်းသမီး လီဆူဟီးနဲ့ တူတူ လက်ဖက်ရည် သောက်ရင်း စကားပြောနေရတာကို လန့်နေတယ် ။ မထိပ်သာမလန့်သာနဲ့ ရင်တွေပါ တုန်လို့ ...

Going Crazy  [Completed]Where stories live. Discover now