3 ~ (uni)

639 112 1
                                    

အချစ်ဦးက ဘယ်သူလဲဆို အွန်းဗြောပါလို့ ဖြေရလိမ့်မယ် ။ အသက် ၁၈ နှစ်မှာ စတွေ့ပြီး အခု၂၀ နှစ် ရောက်တဲ့ထိ အွန်းဗြောမှ အွမ်းဗြော ဖြစ်နေခဲ့တယ်။
မှတ်မှတ်ရရပါပဲ မိဘမဲ့ ဂေဟာ မှာ လုပ်အားပေးသွားတဲ့အချိန် ကလေးတွေကို တယောထိုးပြနေတဲ့ ဆရာမလေးကလည်း သူတို့လိုပဲ လုပ်အားပေးလာတာတဲ့ ။
ခါတိုင်း သူ့ကိုပဲ ငေးနေလို့ ရှောင်ကွင်းနေရတဲ့ လူတွေကြား အွန်းဗြောနဲ့ကျမှတကယ်တမ်း ကြွေဆင်းသွားတာက သူဖြစ်နေခဲ့တယ် ။

တယောထိုးနေတဲ့ အွန်းဗြောကလှတယ် ။ သူအတန်ကြာ ငေးနေမိပြီးမှ အသိပြန်ဝင်လာတော့ တံခါးကို ခေါက်မိတယ် ။ သူ့ကိုမြင်သွားတဲ့ချိန် အွန်းဗြောက လည်ပင်းတဝိုက် လျော့ကျနေတဲ့အကျီကို ပြန်ဆွဲတင်လို့ ဖုံးလိုက်သေးတယ်။ တယော​တင်ထားတဲ့ ပုခုံနုနုက နဲနဲ ရဲနေတာကို ဟာရူတိုက အကျီဆွဲမတင်ခင် မြင်လိုက်ပါသေးတယ် ။

" Noona ဝင်လာလို့ရတယ်မလား "

" .."

" မှောင်နေပြီ ထွက်မလာသေးလို့ "

" အာ ဟုတ်လား "

​ပြောရင်းနဲ့ လက်ကောက်ဝတ် က နာရီသေးသေးလေးကို အွန်းဗြောကကြည့်တယ် ။ ၆နာရီတောင် ခွဲသွားခဲ့တာလား .. ။

" လေ့ကျင့်နေတာ အချိန်အဲ့လောက်တောင် ဖြစ်သွားမှန်း မသိလိုက်ဘူး "

" ကျွန်တော် ထင်တယ် "

ဟာရူတို က ရယ်ရင်းပြောပြီးတာနဲ့ ဘေးနားက ပြန့်ကျဲနေတဲ့ စာအုပ်အချို့ကို စီလိုက်တယ် ။​ ခုံပေါ်မှာ ထိုင်နေတဲ့ ဗြောက ဝတ်ထားတဲ့ ဂါဝန်ကို အနည်းငယ်သိမ်းပြီး ထလိုက်တယ် ။ ဟာရူတို က သူ့လေ့ကျင့်အခန်းရှင်းပေးနေတာကြောင့် သူကိုယ်တိုင်လည်း အချို့ ရူပ်နေတာတွေကို စီစီရီပြန်ထားလိုက်ပြီးတဲ့နောက် အားလုံးရှင်းသွားတယ် ။

" ဒီနေရော ကြိုမဲ့သူ ရှိလား "

ကျောင်း ရှေ့ မိန်းလှေကားကနေ တူတူလျောက်လာရင်း ဟာရူတို က မေးလိုက်တယ် ။

"  အွန်း .. မရှိလောက်ဘူး "

ဒီနေ့ yoshi ထံမှ ဘာ စာမှ မဝင်သေးတာကြောင့် လာမကြိုလောက်တော့ဘူးဆိုတာ သူမ သိလိုက်တယ် ။

Going Crazy  [Completed]Where stories live. Discover now