7 ~ (uni)

633 109 2
                                    

[7]

" မင်းက ဘာလို့ ကိုယ့်ဘာကို မပြန်တတ်တာလဲ ကလေးလား "

ဟာရူတိုက ကားမောင်းနေရင်း ဂျောင်ဝူးကို မေးလာတယ် ။

"ဘာလို့လဲ လိုက်ပို့ရလို့လား ငါက ငြင်းမလို့ပါ မင်းက ပြောပြီးအမြန်ထွက်သွားတာကို "

" မင်းကိုငါအဲ့လိုပြောမိလို့လား မေးတာကိုပဲဖြေပါ "

" မင်းငါ့ကိုစကားပြောရင် ညှင်သာလို့မရဘူးလား "

ဂျောင်ဝူးက ဟာရူတိုက အကန်စကားတခွန်းကြားင် တခွန်း စိတ်ထဲမကောင်းတာတော့အမှန်ပဲ ။ တခါတလေ တွေးမိတာ ဟာရူတိုက သူ့ကိုအရမ်း အမြင်ကပ်နေလားဆိုပြီး ... ။ ဟာရူတိုက တချက်စောင့်ငဲ့ကြည့်ပြီး စိတ်လျော့လိုက်တယ် ။ နောက်ပြီးမှ တိုးတိုးရှရှ ပြန်မေးတယ် ။

" မင်း ကားမမောင်းတတ်လို့လား အဲ့တာကိုမေးတာပါ "

ဂျောင်ဝူးက ဟာရူတိုရဲ့ လေသံပျော့ပျောင်းသွားတာကြောင့် ကြောင်အမ်းလို့ကြည့်လိုက်မိတယ် ။

" ကားကမောင်းတတ်ပါတယ် ငါ တစ်ယောက်ထဲဆို လမ်းတွေမမှတ်မိလို့ မမောင်းဖြစ်တာ"

" ဘယ်လို လမ်းမမှတ်မိတာ ဒါက ရောဂါတစ်ခုလား မင်းမှတ်ဥာဏ်မကောင်းတာမျိုး မဟုတ်ဘူးလား "

ဟာရူတိုက မယုံကြည်နိုင်သလိုမျိုး မေးလာတယ် ။

" လမ်းတွေလောက်ပဲ မမှတ်နိုင်တာပါကွာ ဒါပေမဲ့ ဒါကပြသနာတစ်ခုလို့တော့ မထင်ပါဘူး ငါဒီအတိုင်းလည်းအဆင်ပြေနေတာပဲလေ "

ဟာရူတိုက ဂျောင်ဝူး အိမ်ရှေ့မှာ ကားစက်သပ်လိုက်ပြီးတာနဲ့ ဂျောင်ဝူးက ခါးပတ်ကိုဖြုတ်လို့ ကျေးဇူးတင်စကားလှည့်လို့ပြောတယ် ။

" လိုက်ပို့ပေးလို့ ကျေးဇူးပဲ ..
မင်းအိမ်နဲ့ကရော ဒီကသွားရင် ဝေးလား "

" အင်း နဲနဲပေါ့ အရမ်းတော့မဟုတ် "

" အာ ဟုတ်လား သေချာပြန်ဦး ငါ သွားတော့မယ် ကျေးဇူးပဲနော် "

ဂျောင်ဝူးက ကျေးဇူးတင်စကား နောက်တခေါက်ကိုပြောလို့ ကားထဲကနေထွက်တယ် ။

Going Crazy  [Completed]Where stories live. Discover now