Final ~ ( zawgyi )

359 26 2
                                    

[ Final ]

ကျောင်းပွဲတော်နေ့
ဒိနေ့မှာဆို မေဂျာတိုင်းလိုလို ဈေးဆိုင်ငယ်လေးတွေဆောက်ပြီး ဌာနအတွက် ရန်ပုံငွေရှာကြတယ် ။
ဖျောဖြေရေး stage ကအလည် မှာ ရှိနေပြီး ဘေးပတ်ဝန်းကျင်မှာ ဆိုင်ခန်းလှလှလေးတွေ ခင်းကျင်းထားတယ်  ... ။ game ဆော့ပြီး နိုင်ရင် လိုတာရမဲ့ဆိုင် ... ဗေဒင်တွက်လို့ရမဲ့ဆိုင် ... handmade ပစ္စည်းတွေရောင်းတဲ့ဆိုင် ပန်းချီဆွဲပေးတဲ့ဆိုင် ဓာတ်ပုံရိုက်ပေးတဲ့ဆိုင် အစားအသောက်ရောင်းတဲ့ဆိုင် စသဖြင့် အမျိုးမျိုးသော မတူညီပြသော ဆိုင်ခန်းလေးတွေနဲ့အတူ မေဂျာပေါင်းစုံက​ကျောင်းသားတွေ စုပေါင်းလုပ်ဆောင်ရင်း ပွဲတော်ကိုကျင်းပလေ့ရှိတယ် ။

ဂျောင်ဝူးတို့ economic မေဂျာကတော့ အားလုံးရဲ့ကြိုးစားအားထုတ်မှုနဲ့ ဉီးထုပ် ၊ လက်အိတ် ၊ ခြေအိတ် ၊ ဆွယ်တာ စသဖြင့် ရောင်စုံချည်လေးတွေနဲ့ ထိုးထားတဲ့ ချည်ထည်တွေကို ရောင်းချမှာပဲ ဖြစ်တယ် ။ ဟာရူတိုက လုပ်ကိုင်ပေးရင်း အလုပ်ရူပ်နေတယ် ... ။ ဟာရူတိုဟာ သူရဲ့ ချောမောတဲ့ရုပ်ရည်ရည် ကြောင့် တဖြေးဖြေးနဲ့ မေဂျာမှာ တင်မက ကျောင်းမှာပါ နာမည်ကြီးလာတယ် ။

ဆိုင်ထဲသူတို့ရောက်တဲ့အခါ ဆိုယောင်း က ချည်ဉီးထုပ်တစ်လုံးကို ယူဆောင်းရင်း သူတိုဘက်ကိုလှည့်လို့ လှလား မေးတယ် ။ သူမဟာ ဘာအသုံးအဆောင်ဝယ်ဝယ် သူတို့ကို ဒါလေးဘယ်လိုနေလဲ လှသလား စသဖြင့် မေးပြီးမှ ဝယ်လေ့ရှိတယ် ။ သူတို့အတွက်တော့ ဒါဟာ ပုံမှန်ပဲ .. ဆိုယောင်းကိုကြည့်လို့ ယိုရှီကပြောတယ် ။

"ဟိုဘက် ခဲရောင်လေးနဲ့က ပိုလှမယ် ထင်တယ် "

" အဲ့လိုလား.. ဆာဟီနဲ့ ဂျောင်ဝူးရော "

" အင်း နင်နဲ့ဆို ယိုရှီပြောတဲ့ဟာလေးက ပို လိုက် လိမ့်မယ် "

နောက်ဆုံးမှာ သူမက သူတို့ ရွေးပေးတဲ့အတိုင်း ခဲရောင်နဲ့အစိမ်းနုကို ရောယှက်ကာ ထိုးထားတဲ့  ဉိးထုပ်ကို ဝယ်ချလိုက်တယ် ။ ခဏကြာတော့ သူတို့နားက ဟာရူတိုက ရောက်လာခဲ့တယ် ။ ဟာရူတိုက ဂျောင်ဝူးဘေးနား တိုးကပ်လို့ထိုင်တယ် ။

" လျောက်မသွားတော့ဘူးလား ဟိုဘက်တွေမှာ ဂိမ်းတွေလည်းဆော့နေကြတယ်လို့ကြားတယ် "

Going Crazy  [Completed]Where stories live. Discover now