13 ~ ( zawgyi )

90 11 0
                                    

A/N
အိုင်က စာကို ဖွဲ့နွဲ့ပြီး မရေးတတ်လို့ လိုတာရှိရင် မီယားနဲပါ

[13]

ဇာတ်လမ်းတွဲရိုက်ကူးရေး ပြီးဆုံးတဲ့နေ့ ညပါတီမှာ မင်းသမီး လီဆူဟီးက မသမာသူတွေ အကောက်ကြံမှုကြောင့် ဆေးခပ်ခံရတယ်။ ကြားညှပ်ပါသွားသူက အသက်ငယ်ငယ်လေးနဲ့မှမလိုက် အရမ်းကိုတော်တဲ့ ဒါရိုက်တာလေးပဲ ဖြစ်တယ် ။ သူတို့နှစ်ယောက်ဟာ ဆေးရဲ့အရှိန်နဲ့ မှားခဲ့မိကြပြီး ဟာရူတိုကို ရခဲ့ပါတယ် ။ လီဆူဟီးမှာ သူမ ချစ်တဲ့ ချစ်သူရှိခဲ့တယ် ... ။ ကိုယ်ဝန်ရသွားတဲ့အချိန်မှာတော့ သူမရဲ့ချစ်သူဟာ ဖောက်ပြန်ပါတယ်လို့ စွပ်စွဲပြီး လမ်းခွဲခဲ့တယ် ။ သူမကိုလည်း ရွံရှာသလို အကြည့်နဲ့ကြည့်တယ် ။ ဒါရိုက်တာလေးက တွယ်တာရာလည်း မရှိတာကြောင့် သူမသိတဲ့အမှားအတွက် တာဝန်ယူပေးခဲ့တယ် ။
သို့ပေမဲ့ လီဆူဟီး က ဒါရိုက်တာလေးကိုရော ထိုကလေးကိုရော အရမ်းမုန်းတီးခဲ့ပါတယ် ။ ကိုယ်ဝန်ရှိသွားလို့ လက်ထပ်လိုက်ရပါတယ်ဆိုတဲ့ သတင်းနဲ့ သူမက ဝေဖန်မှုတွေခံခဲ့ရပြီးနောက် သတ်သေဖို့ထိ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး ။ အရာအားလုံးကို သားနဲ့ယောကျာ်းအပေါ် ပုံချပြီး ဟာရူတိုအပေါ်စိတ်ဒဏ်ရာတွေပေးခဲ့မိတယ် ။

တရက်မှာ ဟာရူတိုက ရန်ဖြစ်လာတယ် ။ အကြောင်းအရင်းက မင်းအမေက မင်းကိုမချစ်ဘူး လို့ပြောလာတဲ့ ကလေးကို ဆွဲထိုးရင်း အချေအတင်ဖြစ်ခဲ့ကြတာပဲဖြစ်တယ် ။ အိမ်ပြန်ရောက်လို့မျက်နှာမှာ ဒဏ်ရာဗရပွနဲ့ မြင်တဲ့အခါ သူမ က ပြောဆိုတယ် ။

" နင် လည်း နင့်အဖေလိုပဲ ဉီးနောက်ကိုမရှိဘူး အမြဲခံနေရတယ် နင်ရုပ်နင်ပြန်ကြည့်ဉီး အရမ်းတော်တာပဲနော် "

" သူတို့က သားကို မေမေက မင်း ကိုမချစ်ဘူးလို့ ပြောလို့ သားက ဆွဲထိုးလိုက်တာ သားက တယောက်ထဲ သူတို့က၄ယောက်တောင် "

" ကျစ် သူတို့ပြောတာ ဘာမှားလို့လဲ သွားစမ်း ငါ့ရှေ့ကနေ "

အဲအချိန်မှာပဲ သူရဲ့အဖေ ရောက်လာတယ်။
" မင်း ကလေးကို ဘယ်လိုပြောနေတာလဲ "

" ရှင်မြင်တဲ့အတိုင်းပဲလေ "

အဲ့နောက်မှာ လင်မယားနှစ်ယောက်ရဲ့ ရန်ဖြစ်သံတွေဟာ ဆူညံလို့ ကြိတ်ငိုရတာ ဟာရူတိုပဲဖြစ်တယ် ။ ညသန်းခေါင်ချိန်လောက်မှာ ဟာရူတိုအဖေက အခန်းထဲကို ခြေသံဖွလို့ ရောက်လာပြီး သူ့ကိုဖက်လို့ တောင်းပန်တယ် ။ အဲ့နေ့ကစပြီး သူမက မူပိုင်ခွင့်ရသွားသလို ဟာရူတိုကို မုန်းကြောင်း ကြုံရင်ကြုံသလို ပြောလေ့ရှိတယ် ။

Going Crazy  [Completed]Where stories live. Discover now