2 ~ (uni)

858 115 2
                                    

"  ဟာရူတို တဲ့ ဖြစ်ချင်တော့ မေဂျာကပါ လာတူနေတာကွာ သေချာတယ် ဒါ ဖူးစားပဲ  "

ဂျောင်ဝူးက အတန်းနောက်ဆုံးတန်းမှာ ထိုင်ရင်း ရှေ့က ဟာရူတိုကို ကြည့်လို့ သူငယ်ချင်းတွေကို အားရပါးရ ဝမ်းသာစွာ ပြောနေလေတယ် ။ အဆာဟီက ဒီကောင်ရူးသွားပြီလားဆိုတဲ့ မျက်နှာပေးနဲ့ ... ။ ဆိုယောင်းကတော့ သူ့ ရဲ့ online shopping order မှာ ယူနေရတာ လောက် အရေးမပါသလို ဂျောင်ဝူးစကားကိုနားထဲမရောက်ပဲ ဖုန်းကိုသာ ကြည့်နေခဲ့တယ် ။ယိုရှီ တစ်ယောက်ကသာ သူနဲ့အတူ လိုက်ကြည့်ပေးပြီး ချောတယ် တည်ကြည်တယ်လို့ပါ ပြောတယ် ။ အဆင်ပြေစေဖို့လည်း တိုက်တွန်းပေးနေခဲ့တယ် ။

" ယိုရှိီ သူက နင့်လို စွန်တာမဟုတ်ဘူး မြှောက်ပေးမနေနဲ့ "

ဆိုယောင်းက မကြားတကြားနဲ့ထပြောတာကို အဆာဟီက ထပ်လို့ ပင့် ပေးတယ်  ။

" မနှိမ်နဲ့လေ နင်ကလည်း အော်ဟော "

ဂျောင်ဝူးက ထိုနှစ်ယောက်ကို မကျေမချမ်းတွေဖြစ်ပြ  စကားဆက်မပြောတော့ဘူး ။ ဒါကို သိတဲ့ ၂ယောက်က သူငယ်ချင်း စိတ်ဆိုးတော့လည်း မနေနိုင် အတင်းတွေပြန်လိုက်ချော့တော့တာပါပဲ ။

/////

"Noona ကျွန်တော် .. လိုက်ပို့"

စီနီယာ အွန်းဗြော က ကပိုကရိုကျနေတဲ့ ဆံစတို့ကို သပ်တင်လို့ အားနာဟန်နဲ့ ကြည့်လာတယ်။
ဒီကောင်လေး ဒီလိုကပ်တွယ်နေတာကို သူစိတ်ထဲ အလိုမကျဘူး ။

" ဟို ရူတို ငါ ကားကြိုခေါ်ထားလိုက်လို့ "

" ဒါဆို ကျွန်တော် ကားလာတဲ့ထိတော့ စောင့်ပေးမယ်လေ နော် "

​ထိုစကားကို အွန်းဗြော က မငြင်းဖြစ်တော့ပါဘူး ။ ခပ်ပါးပါး ဂါဝန်နဲ့သူမက လမ်းဘက်မှာ ရပ်နေတာမို့ ဟာရူတို ကပဲ တဖက်ကို ပို့လို့ ရပ်စေတယ် ။

" လမ်းဘက်မှာ မနေနဲ့ "

ကျောင်းရှေ့ကနေ အဆာဟီ ဆိုယောင်းတို့နဲ့အတူ ယိုရှီကားသွားထုတ်တာကိုစောင့်ရင်း ဂျောင်ဝူး က ရင်ဝကို စောင့်ကန်ခံလိုက်ရသလိုပါပဲ ... ။ ဟာရူတိုက ကောင်မလေး တစ်ယောက်ကို ရိုကျိုး နေတဲ့ မြင်ကွင်း ....

Going Crazy  [Completed]Where stories live. Discover now