16

159 25 3
                                    

Unicode

တနင်္ဂနွေနေ့ နေ့လည်ရောက်ခါနီးမှာတော့ chanyeolနိုးလာသည်။
တစ်ကိုယ်လုံးလည်း ညောင်းချိပြီး နေရာတော်တော်များများကအောင့်ကာ နာကျင်နေလို့ လှုပ်လိုက်တိုင်း ညည်းသံတိုးတိုးက ထွက်နေရသည်။

စောင်ကို အနည်းငယ်လှပ်ကြည့်လိုက်တော့ သူမြင်နိုင်တဲ့ ရင်ဘတ်တွေကစပြီး တစ်ကိုယ်လုံးနီးပါး အနီကွက်တွေ။ ပြီးတော့... ခါးတစ်ဖက်တစ်ချက်မှာ Wu yifanရဲ့ လက်ဆယ်ချောင်းရာက အထင်းသား။
လှဲနေတာကြာပြီဖြစ်တဲ့အတွက် ခေါင်းကိုက်လာ၍ ကြိုးစားပြီးထထိုင်လိုက်ချိန် ကြမ်းပေါ်ကျနေတဲ့ သူ့shirtအင်္ကျီကိုမြင်တော့ ညကအဖြစ်အပျက်တွေကို ပြန်မြင်ယောင်လာပြီး ရင်ထဲမှာ ဗလောင်ဆူလာကာ မျက်နှာကို လက်ဝါးနှင့် အုပ်ထား၍ သက်ပြင်းချလိုက်မိသည်။

ဘာတွေလဲ? တစ်ကယ်ကို ဘာတွေလဲ မသိတော့ဘူး။ သူညက hanကို သဘောကျပြီး တွဲလိုက်တယ်? မနက်အိမ်ပြန်ရောက်တော့ Wu yifanက သဝန်တိုပြီး သူ့ကိုအနိုင်ကျင့်? ခုကျတော့ အိမ်မှာတောင်မရှိတော့?

ကိစ္စတွေက ပိုပိုရှုပ်ထွေးလာသလိုခံစားရသည်။ အစက ခံစားချက်တွေ ပြန်မဖြစ်လာအောင် အာရုံကို တခြားတစ်ယောက်ဆီပို့ခဲ့ပေမဲ့ အခုတော့ han့ကိုပါ သစ္စာဖောက်သလိုဖြစ်ခဲ့ပြီ။

ဘဝမှာ ဒီလိုမျိုး အချစ်ရေး အရှုပ်အထွေးကြားထဲရောက်ရမယ်လို့ တစ်ခါမှတောင်မတွေးဖူးခဲ့။
လက်တွေ့မှာတော့ ချစ်နေဖို့တောင် ခက်ခဲနေလိုက်တာ။

ချစ်မိတဲ့သူက Wu yifanဖြစ်နေလို့လားတော့ မသိပါ။

ဒီလိုအတိုင်းဆို ဘယ်လိုဆက်လုပ်ရမလဲ? Han့ကို မျက်နှာချင်းဆိုင်ဖို့တောင် အားနာစရာကောင်းနေပြီ။ Wu yifanလား? Wu yifanကတော့ မျက်နှာပြောင်ပြောင်နဲ့ ဘာမှမထူးခြားသွားသလို နေဦးမှာပဲ။
သူကရော....?

အမှန်အတိုင်းပြောရရင် fanfanကို သူချစ်နေရတုန်းမှန်း သဝန်တိုနေတဲ့သူ့ကိုမြင်ခဲ့ချိန်က သိလိုက်သည်။
အသိစိတ်က ရုန်းကန်နေခဲ့ပေမဲ့ မသိချင်ယောင်ဆောင်ထားတဲ့ နှလုံးသားတစ်နေရာက ပျော်နေခဲ့သလိုပါပဲ။
ဒါပေမဲ့...

ပုံပြင်မဆန်သောပုံပြင်Where stories live. Discover now