Unicode
Friday 8:30pm
ကျွန်တော် clubသွားရန် အဝတ်အစားလဲ၍ မှန်ထဲတွင် ကိုယ့်ပုံကိုယ် တစ်ချက်ကြည့်လိုက်သည်။
ရှေ့ကြည့်၊ နောက်ကြည့်၊ ဘယ်ကြည့်၊ ညာကြည့်၊ အပေါ်ကြည့်၊ အောက်ကြည့်။
ရှုထောင့်မျိုးစုံမှ ကြည့်ပြီးနောက် ကိုယ့်styleကိုယ် စိတ်တိုင်းကျသွား၍ ကားသော့ယူကာ တိုက်အောက်သို့ဆင်းလာခဲ့သည်။
ဒီညအတွက် clubတွင် ကျွန်တော်သည် မင်းသားတစ်ပါးကဲ့သို့ ရှိသမျှချောချောလှလှအားလုံးထဲမှ စိတ်တိုင်းကျ တစ်ယောက်ကို ရွေးချယ်ရန် ဆုံးဖြတ်ထားသည်။
ကျွန်တော်သည်လည်း အလွန်ဂျီးများသူတစ်ယောက်ဖြစ်၍ ကိုယ်သဘောကျသည့်သူက ရှားရှားပါးပါးဖြစ်နေမှာ အသေအချာပင်။
သို့သော် ကျွန်တော် ရွေးချယ်ရမည်။
အခုအချိန်အထိ ပြန်မရောက်လာသော Wu Yifanနေရာတွင် အစားထိုးနိုင်မည့်သူမှာ ပေါ့ပေါ့သေးသေးတော့ ဖြစ်မည်မဟုတ်စေရ။Parkingအတွင်းဆုံးမှ BMWကားအမဲရောင်လေးသည် ဝင့်ဝင့်ကြွားကြွား ငြိမ့်ညောင်းစွာ ထွက်သွားသည်။
ဦးတည်ရာက Beyond Club.
~⚫️⚫️⚫️~
Clubဆိုသည့်အတိုင်း နေရာတကာတွင် မျက်စိရှုပ်လောက်အောင် ယောကျာ်း၊ မိန်းမ၊ အတွဲများ အမျိုးမျိုးအစုံစုံ လှုပ်ရွနေလိုက်ကြသည်မှာ ဆိုဖွယ်ရာမရှိ။
ကျွန်တော်ကတော့ clubကို အပျင်းပြေ တစ်ခါတစ်ရံလာသည်ဟူ၍သာ သဘောထားသည်။
Byun baekhyunကတော့ ဘာတွေကြံစည်နေလဲ ကျွန်တော်မသိ။ဒီတစ်ခေါက်clubလာခြင်းကတော့ ကျွန်တော့်အတွက်ထူးခြားမည်မှာ သေချာပါသည်။
ကျွန်တော်၏ ဆွဲဆောင်မှုအရှိဆုံးအပိုင်းမှာ ပါးချိုင့်လေးနှင့်အပြုံးဖြစ်သော်လည်း ဒီလိုနေရာတွင် ပြုံးဖြဲဖြဲနှင့် နေ၍ မဖြစ်သဖြင့် ကိုယ့်ကိုယ်confidenceအပြည့် မျက်နှာတည်တည်ဖြင့်သာ ဝင်လာခဲ့သည်။
သို့သော်လည်း ကျွန်တော်ဝင်လာကတည်းက ကျွန်တော့်အပေါ်တောက်လျှောက် ရောက်လာသော ကြွေဆင်းနေသည့် မျက်လုံးများအား သတိထားမိ၍ ကျွန်တော် ကျေနပ်စွာပြုံးလိုက်မိသည်။Bar counterတွင် ထိုင်နေကြသော baekhyunနှင့်sehunသည် ကျွန်တော့်ကိုတွေ့တော့ လက်ထဲတွင် ကိုင်ထားသည့် ခွက်တွေကို မြှောက်၍ နှုတ်ဆက်ကြသည်။
YOU ARE READING
ပုံပြင်မဆန်သောပုံပြင်
Fanfiction- တကယ်တမ်းတော့ အချစ်သည် ရိုးရှင်းစွာ ချစ်နေရုံပင် ဖြစ်ပါသည်။ - တကယ်တမ်းတော့အချစ်သည်ရိုးရှင်းစွာချစ်နေရုံပင်ဖြစ်ပါသည်။ (Unicode+zawgyi) KY/BL/1st creation enjoy ~