Unicode
Ring⚡️
" Hello? "
Hanအိမ်ရှေ့တွင် ကားရပ်လိုက်စဉ် Phoneဝင်လာသည်။
" Park Chanyeol အခုဘယ်မှာလဲ။ "
" ငါဒီညပြန်မအိပ်ဘူး။ "
" ဟိုကောင်လေးအိမ်က ဘယ်မှာလဲ? "
မေးတာက တခြား ဖြေတာက တလွဲ။
" ငါ့ချစ်သူအိမ်ကို ဘာလို့ပြောပြရမှာလဲ? "
" ချစ်သူ? ငါ့ကို ရွဲ့တာလား? "
" စကားများလိုက်တာ။ ဒါပဲ။ "
ကျွန်တော်phoneပိတ်လိုက်သည်။
သူနှင့် စကားပြောချင်စိတ်မရှိ။
Wu Yifanဟာ သူ့ကောင်မလေးကို ရင်ခွင်ထဲ ထည့်ထားရင်းနဲ့တောင် ကျွန်တော့်ကို phoneဆက်၍ ပြဿနာရှာရဲသေးသည်။
သူ့အတွေးတွေကို ကျွန်တော်လိုက်မမှီ။" yeol? "
" ကိုယ့်သူငယ်ချင်းဆက်တာ။
ကိုယ့်တိုက်ခန်းမှာ လာနေတာလေ။
ကိုယ်ပြန်မလာလို့တဲ့။ "" အော်... အင်း။
ခြံထဲ မောင်းဝင်လိုက်ဦး။
Securityရှိတယ်။ "ကျွန်တော်လည်း ကားကို ခြံထဲ ဆက်မောင်းလာလိုက်သည်။
Hanသည် သူဋ္ဌေးပီပီ သူ့တိုက်ခန်းသည်လည်း ဆိတ်ငြိမ်ရပ်ကွက်တစ်ခုထဲမှ ကျယ်ဝန်းသော ခြံတစ်ခုထဲတွင် တည်ရှိသည်။
တကယ်တော့ တိုက်ခန်းမဟုတ်။
သူဋ္ဌေးများနေသော securityအပြည့်အစုံနှင့် Condoပင်။
Hanသည် ကြွားလိုစိတ်မရှိ၍ ကျွန်တော့်အား ပါချီပါချဲ့ တိုက်ခန်းဟုသာ အလွယ်ပြောခဲ့ပုံပေါ်သည်။
Condoအောက်ရှိ car parkingတွင် han၏ ကားကို ရပ်လိုက်ပြီးနောက် သူနှင့်ကျွန်တော် ဓာတ်လှေကားထဲ ဝင်လိုက်သည်။
Hanက အလွှာနံပါတ်9ကို နှိပ်လိုက်သည်။
မနက်3နာရီလောက်ဖြစ်၍ မည်သူမှ အတက်အဆင်းမရှိကြပေ။
ဓာတ်လှေကားသည် မည်သည့်အလွှာတွင်မှ မရပ်ပဲ ဖြေးဖြေးမှန်မှန် ရွေ့လျားလျက်ရှိသည်။
1လွှာ... 2လွှာ... 3လွှာ...
ဓာတ်လှေကားထဲတွင် ကျွန်တော်တို့နှစ်ယောက်တည်း ခပ်ခွာခွာလေး ရပ်နေကြသည်။
စကားသံများ တိတ်ဆိတ်နေသည်။
Hanသည် အနည်းငယ် အနေခက်နေပုံရသည်။
ကျွန်တော်သူ့ကို မသိမသာ ငုံ့ကြည့်လိုက်သည်။
မျက်နှာကို တစ်ခြားဖက်လှည့်ကာ လက်သီးကို မသိမသာဆုပ်ထားသည်ကို တွေ့လိုက်သည်။
အပေါ်စီးမှ မြင်နေရသော သူ့မျက်နှာခပ်စောင်းစောင်းကို ကြည့်၍ ကျွန်တော်စိတ်ဖောက်ချင်သလိုလို ဖြစ်လာသည်။
YOU ARE READING
ပုံပြင်မဆန်သောပုံပြင်
Fanfiction- တကယ်တမ်းတော့ အချစ်သည် ရိုးရှင်းစွာ ချစ်နေရုံပင် ဖြစ်ပါသည်။ - တကယ်တမ်းတော့အချစ်သည်ရိုးရှင်းစွာချစ်နေရုံပင်ဖြစ်ပါသည်။ (Unicode+zawgyi) KY/BL/1st creation enjoy ~