12

947 121 30
                                    

Unicode

*ကလောက်

Lockဖွင့်သံနှင့်အတူ တံခါးပွင့်သွား၍ တံခါးဝတွင်တော့ ဆံပင်တွေရေစိုနေသော hanသည် ငြိမ်ငြိမ်လေးရပ်နေလေသည်။
မျက်လုံးက ကျွန်တော့်ကို မကြည့်ဘဲ အောက်စိုက်ထားကာ နှုတ်ခမ်းကိုလည်း ခပ်ဖွဖွကိုက်ထားသေးသည်။
ကျွန်တော်နှင့် အရောင်ဆင်တူ ညအိပ်ဝတ်စုံကိုပင် ဝတ်ထားသော hanသည် နီနီလေးဖြစ်နေသော ပါးမို့မို့နှစ်ဖက်နှင့်အတူ အရမ်းကို ချစ်စရာကောင်းနေသည်။ လည်ပင်းတွင်တော့ တွဲလောင်းချထားသည့် တဘက်တစ်ထည်။
ကျွန်တော်တော့ စိတ်ကိုတော်တော် ထိန်းရပေတော့မည်။

" Han "

Hanက ကျွန်တော့်ကို မော့ကြည့်သည်။
ဘာမှပြန်မပြော။

" ကိုယ့်ဝင်လာလို့ ရမလားHan. "

" အင်းးး... "

ခပ်တိုးတိုးသဘောတူသံနှင့်အတူ hanက ကျွန်တော်ဝင်နိုင်ရန် တံခါးဝမှ ဖယ်ပေးလေသည်။

ကျွန်တော်အခန်းထဲရှိ သူ့ကုတင်ဆီသို့တောက်လျှောက် ဝင်သွား၍ ကုတင်ပေါ်တွင် ခပ်တည်တည်နှင့် ထိုင်လိုက်လေသည်။

Hanက တံခါးပိတ်ပြီးနောက် ကျွန်တော့်ကို မရဲတရဲလှမ်းကြည့်သည်။
ကျွန်တော်နှင့် မျက်လုံးချင်းဆုံသွားသည့်အခါ ကျွန်တော်ပြုံးပြလိုက်တော့ Han့နားရွက်ဖျားလေးတွေပါ ရဲလာကာ မျက်နှာလေးကလည်း ရှက်ပြုံးလေးတွေ ဝေဆာနေပြန်သည်။
ကျွန်တော့်ဘေးက နေရာလေးကို ပုတ်ပြလိုက်ရင်း လှမ်းခေါ်လိုက်သည်။
Hanက လေထဲတွင်ဝဲပျံလာသလို ငြိမ်ငြိမ်လေး လျှောက်လာသည်။

Hanသည် ကျွန်တော့်ရှေ့တွင်ရပ်လိုက်သည်။
နောက်... နှစ်ယောက်သားမျက်လုံးချင်းဆုံ၍ အတန်ကြာစိုက်ကြည့်နေကြသည်။
Hanသည် ကျွန်တော့်မျက်ဝန်းထဲတွင် ဘာတွေ့သည်တော့မသိ။
ကျွန်တော်ကတော့ Han့မျက်ဝန်းတွေထဲမှ ဖူးပွင့်ဝေဆာနေသော ကျွန်တော့်အပေါ်ထားသည့် အချစ်တွေကို တွေ့နေရသည်။

အမှန်အတိုင်းပြောရလျှင် han့အပေါ်ကျွန်တော် အလုံးစုံ မယုံနိုင်သေးပါ။
Hanကျွန်တော့်ကို ချစ်သည်ဆိုသည်မှာ ခုထိအိမ်မက်တစ်ခုလို ဖြစ်နေဆဲ။
ဟုတ်ပါသည်။
Hanသည် ကျွန်တော့်ကို ချစ်သည်ဆိုသည့် အဖြေကို ပေးရန်အတွက် ကျွန်တော့်မျက်နှာကို စိုက်ကြည့်ရင်း အချိန်ခဏသာ ယူခဲ့သည်။
ပြောရမည်ဆို han့အချစ်တွေ ကျွန်တော့်ဆီရောက်လာဖို့ အချိန်ခဏသာလိုခဲ့သည်။ ထို့ကြောင့် မတည်မြဲနိုင်ဘူးဟု ကျွန်တော်ထင်မိနေခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် နှစ်နှစ်တာ လက်တွဲခဲ့သည့် WuYifanနှင့်တောင် မတည်မြဲခဲ့သည်ပဲ။ Hanကျွန်တော့်အပေါ် သဘောထားပြောင်းသွားခဲ့လျှင်တောင်မှ ကျွန်တော်သူ့ကို အပြစ်မဆိုသာပါ။
တကယ်တော့ ကျွန်တော့်အဖြစ်က ခဲမှန်ဖူးသည့် စာသူငယ်ကဲ့သို့ပင်။ ကျွန်တော်Han့ကို တစ်ကယ်ချစ်သည်ဟု မခံစားရသည့်တိုင်အောင် ကျွန်တော့်ကို ထားသွားမည်ကို ကြောက်မိနေသေးသည်။

ပုံပြင်မဆန်သောပုံပြင်Where stories live. Discover now