Unicode
7am
_T_T_T_
' ဒေါက် '
ကျွန်တော် နှိုးစက်ကို ပိတ်လိုက်သည်။
မျက်နှာသစ်ပြီးနောက် အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်နှင့် မနေ့က အကြောင်းသည် အာရုံထဲတွင် ဖျတ်ခနဲ ပေါ်လာ၍ ခြေလှမ်းများကို ဧည့်ခန်းဆီ ဦးတည်မိလိုက်သည်။Wu Yifanကြီး sofaပေါ်တွင် ကွေးကွေးကောက်ကောက် (နှစ်နှစ်ခြိုက်ခြိုက်) အိပ်ပျော်နေသည်ကို မြင်ရ၍ ကျွန်တော် အနည်းငယ် ပြုံးမိသည်။
ဘယ်နေရာရောက်ရောက် သေအောင်အိပ်တတ်သော သူ့အကျင့်သည် မပြောင်းလဲသေး။
သို့သော် ဒါကျွန်တော့်အလုပ်မဟုတ်။
ကျွန်တော့်အလုပ်သည် သူပေးသည့် ပိုက်ဆံကို လစဉ်မှန်မှန်ကောက်၍ 'မီမီလေး'ကို သူကောင်းကောင်းစောင့်ရှောက်နေသည် ဟုတ်မဟုတ် စောင့်ကြည့်ရန်။
ချစ်တီးကျသည်ပဲပြောပြော ကျွန်တော်ကတော့ တစ်လ$1000ချောကနဲ ဝင်တော့မည့်အဖြစ်ကို တွေး၍ ကြည်နူးမိသည်။
ကြောင်ထိန်းရန်လူလည်း ရှာနေစရာပင်မလိုတော့။
ပိုက်ဆံကလည်း အလကားနေရင်း အများကြီးရဦးမည်။
လောကကြီးက ကျေနပ်စရာအတိ။ကျွန်တော် သီချင်းလေး တငြီးငြီးဖြင့် မီးဖိုချောင်ထဲ ဝင်ကာ 'မီမီလေး'အတွက် နို့ဖျော်လိုက်သည်။
ထို့နောက် ပေါင်မုန့်ကြက်ဥကြော်သုံးချပ်နှင့် ကော်ဖီခါးခါးတစ်ခွက်ဖျော်ကာ ထမင်းစား စားပွဲတွင် အကျအနနေရာယူလိုက်သည်။
စားပွဲအလယ်ရှိခြင်းထဲမှ 'မီမီလေး'ကို ဖွဖွလေးပွတ်ပေးလိုက်၍ မသဲမကွဲညှောင်သံလေးဖြင့် နိုးလာသည်။
နို့ဘူးလေးကို ပါးစပ်နားတေ့ကာချပေးလိုက်တော့ တပြွတ်ပြွတ်နှင့်စုပ်ရင်း ဇိမ်ယူနေလေသည်။
ကျွန်တော်လည်း အေးအေးဆေးဆေးပင် 'မီမီလေး'ကို ကြည့်၍ မနက်စာစားနေလိုက်သည်။
နို့ဝ၍ 'မီမီလေး'ပြန်အိပ်ပျော်ချိန်တွင် ကျွန်တော်လည်း မနက်စာစားလို့ပြီး၍ ပန်းကန်ထဆေးလိုက်သည်။ဧည့်ခန်းထဲ ပြန်ရောက်၍ Wu Yifanကို ကြည့်လိုက်သော် စောစောကအတိုင်း ပုံစံမပျက် အိပ်နေဆဲဖြစ်ကြောင်းတွေ့လိုက်ရ၍ တော်တော်နှင့်နိုးဦးမည်မဟုတ်ကြောင်း သိလိုက်သည်။
ထို့ကြောင့် သူ့ကို မနှိုးဘဲ ပစ်ထားလိုက်ပြီး အခန်းထဲပြန်ကာ အဝတ်လဲလိုက်သည်။
ထို့နောက် baekhyunဆီ messageပို့လိုက်သည်။
ကျွန်တော့်တွင် baekhyunအား ပြောပြရန် အကြောင်းအရာများစွာ ရှိနေသေးသည်။
Baekhyunဘယ်လို မှတ်ချက်ပေးမည်တော့ မမှန်းဆတတ်သေး။
YOU ARE READING
ပုံပြင်မဆန်သောပုံပြင်
Fanfiction- တကယ်တမ်းတော့ အချစ်သည် ရိုးရှင်းစွာ ချစ်နေရုံပင် ဖြစ်ပါသည်။ - တကယ်တမ်းတော့အချစ်သည်ရိုးရှင်းစွာချစ်နေရုံပင်ဖြစ်ပါသည်။ (Unicode+zawgyi) KY/BL/1st creation enjoy ~