6

867 133 11
                                    

Unicode

စနေနေ့...
ကျွန်တော် စနေနေ့တွေကို သိပ်ချစ်သည်။

ကျောင်းသားဘဝတုန်းကတော့ နွေရာသီရဲ့ စနေနေ့တွေကို ပိုချစ်ခဲ့သည်။
ဘာကြောင့်လဲဆိုတော့ ရှင်းရှင်းလေးပါ။
ကျောင်းပိတ်သည်ကိုး ။
သို့သော် ယင်းကား တစ်ခုတည်းသော အကြောင်းအရင်းမဟုတ်။
သူနှင့်တွေ့ရ၍ ။

မနက်စောစော အိမ်မှ7နာရီလောက်တည်းကထွက်၊ သူနှင့်တွေ့၊ လက်ကလေးချိတ်၊ ကားစီး၊ ရောက်ချင်တဲ့နေရာရောက်၊ ရောက်တဲ့နေရာလျှောက်လည်၊ တွေ့သမျှတော့ဝယ်မစားနိုင်(သူက သိပ်ကိုအသန့်ကြိုက်သူကြီး)၊ ထိုင်လို့ရတဲ့နေရာအကုန်ထိုင်၊ သူ့ဖုန်းလေးနှင့်selfie ဆွဲ(ကျွန်တော့်ဖုန်းကစုတ်နေ၍:')၊ poseမျိုးစုံပေး၊ သူက ကျွန်တော်လက်ညှိုးထိုးသမျှ အကုန်မဝယ်ပေး(သူလည်း ချွေတာရမည်လေ)၊ စိတ်ပေါက်ရင် စိတ်ကောက်ကြ၊ တစ်ခါတစ်လေပြန်ချော့၊ တစ်ခါတစ်လေလည်း ပစ်ထားကြ :3၊ မနေနိုင်၊ ပြန်တည့်၊ လူလစ်ရင် ဖက်နမ်း၊ ဟိုအကြောင်းဒီအကြောင်းတွေပြော၊ မကျေနပ်ရင် ထပ်နမ်း၊ နမ်းပြီးရင်းနမ်း၊ နမ်း၊ နမ်း၊ နမ်း၊.......(ဟေ့ ဒီနေရာမှာ မဖွယ်မရာတွေ လာလုပ်လို့မရဘူးကွ &$@;/;(<£¥^ )
မနည်းအရှိန်သတ်ကြ၊ လမ်းဆက်လျှောက်၊ မောရင် ကားပြန်စီး၊ အိမ်ပြန်(မပြန်ခင် အလွမ်းသယ်ကြ)၊ ကိုယ့်အခန်းထဲရောက်၊ အဝတ်မလဲဘဲ phoneကောက်ကိုင်>>
:fanfan ...ဒီနေ့ရိုက်လာတဲ့ ပုံတွေ ပို့ပေးဦး 😍
:မပေးပါဘူး 🤔
:ခင်ဗျားနော် 😐
:မပေးဘူး 🤔
:မပေးဘဲနဲ့ ဘာလုပ်မှာလဲ? 😬
ခင်ဗျားကျွန်တော့်ပုံတွေ အလွဲသုံးစားမလုပ်နဲ့နော် 😏
:လုပ်မှာပဲ မွမွ 😚😚
:ခင်ဗျားကြီး!!!သေတောင်မခေါ်ဘူး 😭
:ကိုယ်ကတော့ခေါ်မှာပဲ 😌
Mesgလေးတွေပို့၊ ကြည်နူးကြ၊ အိပ်ရာဝင်ခါနီး သူကသီချင်းလေးဆိုပြ၊ ကျွန်တော်က သွားကြီးဖြီးလျက်.......အိပ်ပျော်။ ဒါပဲ။

ဒါဟာ သူနှင့်ကျွန်တော်၏ စနေနေ့အချိန်ဇယားပင်။ တစ်နေကုန်တစ်နေခန်း သူနှင့်နီးနီးကပ်ကပ်။
တစ်ပတ်လုံးတွင် စနေနေ့သည် ကျွန်တော့်အတွက်တော့ နေ့ထူးနေ့မြတ်ကြီးပင်။
ကျန်သည့်နေ့တွေမှာ တွေ့ဖြစ်သော်လည်း အချ်န်သိပ်မရ။
သူကလည်း language classတွေ၊ business classတွေလျှောက်တက်။
ကျွန်တော်ကလည်း ရေကူးတို့၊ ဝူရှူးတို့တက်ရသည်။
Gymကလည်းဆော့သေးသည်။
ဆိုတော့က...စနေနေ့က နှစ်ယောက်လုံးအတွက် တစ်ပတ်စာပင် ဖြစ်သည်။
" တကယ်တော့ yeolအတွက် တစ်ပတ်လုံးမှာ စနေနေ့တစ်ရက်ပဲ ရှိတာ " ဟုပင်ပြောခဲ့ဖူးသည်။

ပုံပြင်မဆန်သောပုံပြင်Where stories live. Discover now