2

1.2K 153 10
                                    

Unicode

တနင်္လာနေ့...
ရှေ့က ပိတ်ရက်နှစ်ရက် နားလိုက်ရသဖြင့် ထုံးစံအတိုင်း ပျင်းရိစွာ companyသို့ လာရသောနေ့...။

" Park Chanyeol!!!! "

Companyအောက်ရှိ car parkingတွင်ကားရပ်၍ ဓာတ်လှေကားထဲ ဝင်လိုက်စဉ်တွင် ထင်ထားသည့်အတိုင်းပင် baekhyun၏ super vocalကို ကြားလိုက်ရ၍ ကမန်းကတန်း ဓာတ်လှေကားတံခါးပိတ်သည့် ခလုတ်ကို နှိပ်လိုက်သည်။

" Yarrrrr!! Park Yoda!!!! လူယုတ်မာ!!! "

ဓာတ်လှေကားတံခါးမပိတ်ခင်တွင်ပင် ပြေးလာသည့် လူပုသလောက် ပြဲသည့် byun baekhyun၏အသံ ကို ကြားလိုက်ရသေးသည်။

ကျွန်တော် တစ်ချက်ရယ်လိုက်မိသည်။
Baekhyunဆိုသည့် ဂျပုက ကုမ္ပဏီသောဘာသော ဂရုမစိုက်၊ သူလုပ်ချင်ရာ လုပ်တတ်သည်။
သို့သော်baekhyunသည်လည်း ကျွန်တော်ပြီးလျှင် အရည်အချင်းအရှိဆုံး ဗိသုကာပညာရှင်တစ်ယောက်ပင် ဖြစ်ပါသည်။

လောလောဆယ်တော့ ကျွန်တော်သူနှင့် မျက်နှာချင်း မဆိုင်၍ မဖြစ်။
နားတွေ ကန်းသွားလိမ့်မည်။
ရန်ဖြစ်ထားသောကြောင့် မဟုတ်ပါ။
တကယ်တော့...ဒီလို...။

တနင်္ဂနွေနေ့ညက baekhyun၏ " Super Sundayကွ!! Park chanyeol! Clubသွားမယ်!
8နာရီငါလာခေါ်မယ်! " ဟူ၍ တစ်ချက်လွှတ်အမိန့်ကြောင့် ကျွန်တော့်မှာ ငြင်းပင်မငြင်းလိုက်နိုင်ပဲ တခါမှမသွားဖူးသည့် clubကို ရောက်သွားရသည်။

တကယ်တော့ ကျွန်တော်မကြာခင်ကမှဝယ်ထားသည့် Lamborghini Centenarioနှင့်သွားရင် ရရဲ့သားနဲ့။
Baekhyunက သူ့အလစ်တွင် ကျွန်တော် တိတ်တိတ်ကလေး ပြန်သွားလို့မရအောင် သူ့ကားနှင့် လာခေါ်ခြင်းဖြစ်သည်။
လည်လိုက်သည့် byun baekhyun။

သို့နှင့် birthday partyတို့ဘာတို့လောက်သာ သွားဖူးသော ကျွန်တော်က clubသို့ ရောက်လာရသည်။
Clubရောက်တော့ ယွစိန်byun baekhyunက ကောင်မလေးတွေ ခေါ်လာပြီးတော့ ကျွန်တော်နှင့်ချိတ်ပေးရန် ကြံစည်သည်။
ကျွန်တော်က ငြင်းလိုက်တော့ စိတ်ပျက်လက်ပျက်နဲ့ အရက်ခွက်ကိုင်ပြီး သွားကနေလေသည်။
ဘေးမှာလည်း ကောင်မလေး3ယောက်က ဝိုင်းလို့။
ကျွန်တော်ကတော့ ပထမဆုံး ရောက်ဖူးတာ ဖြစ်သည့်အပြင် သောက်ပြီးလျှင် သွေးဆိုးတတ်သော baekhyun၏အကျင့်ကို သိ၍ barမှာသာ martiniသောက်၍ စောင့်ကြည့်နေလိုက်သည်။

ပုံပြင်မဆန်သောပုံပြင်Where stories live. Discover now