Unicode
*Vibrates
အိပ်ယာဘေးမှ စားပွဲပေါ်တွင်တင်ထားသည့် Han့ phoneမြည်လာသဖြင့် ကျွန်တော်နိုးလာခဲ့သည်။
အချိန်က မနက် 7နာရီ။မနက်3နာရီကျော်လောက်ကျမှ အိပ်တာဖြစ်၍ hanက နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပျော်နေသည်။
ထို့ကြောင့် ဘေးမှ han့ phoneကို လှမ်းယူ၍ declineဖက်သို့နှိပ်လိုက်သည်။
Caller nameနေရာမှာ Tao Hyungဟု ရေးထားတာတွေ့၍ သိပ်အရေးမကြီးဟု ထင်မိသည်လည်းပါသည်။
ထို့နောက် han့ကိုပြန်ဖက်၍ ပြန်အိပ်လိုက်သည်။~⚫️⚫️⚫️~
*Vibrates Vibrates
" ဟာာာ... "
နာရီဝက်လောက် အိပ်ပျော်ရုံရှိသေးသည် ပြန်မြည်လာသည့် vibrationသံကြောင့် hanပါနိုးလာ၍ phoneကို လှမ်းယူပေးလိုက်သည်။
Hanက အိပ်ချင်မူးတူးနှင့် မျက်လုံးကိုပွတ်၍ caller nameကိုကြည့်ကာ ပြန်ထူးလိုက်သည်။
" အင်းးးး...ဟ ယိုးး ဟျောင်းးး " ( hello hyung*)
" ... "
" ဟင် ဟုတ်လား အိပ်နေလို့မသိလိုက်တာhyung ပြော ပြော "
ဒီတစ်ခါကျတော့ အသံကကြည်ပြီး လူကလည်း autoထထိုင်လျက်သား ဖြစ်သွားသည်။
* Taoဆိုတာဘယ်သူပါလိမ့် ?
အလန့်တကြားနဲ့ ဒီမှာအိပ်လို့ကောင်းနေတဲ့ ကလေးကို :/ *" ဟာ တကယ် !? "
" ... "
" ဟာာ လာပြီ လာမယ် ခဏလေးစောင့်hyung အမြန်လာခဲ့မယ်! "
Phoneချပြီးပြီးချင်း ကုတင်ပေါ်က ဆင်းကာ ရေချိုးခန်းထဲဝင်ပြေးသည်မို့ ကျွန်တော့်မှာ မေးဖို့ ပါးစပ်ပြင်နေရာမှ ကြောင်တောင်တောင်ကြီးကျန်ခဲ့လေသည်။
ခဏကြာတော့ ရေချိုးခန်းထဲမှ အော်သံထွက်လာလေသည်။
" yeollieရေ!!! ဗီရိုထဲက အဝတ်တစ်စုံလောက် ထုတ်ပေးဦးးးးးးး မြန်မြန်!!
နောက်ကျနေပြီ!!!!! "" ဟမ် "
ကျွန်တော့်မှာ hanရဲ့ အလန့်တကြားအော်ဟစ်နေသံကြောင့် ဘာဖြစ်မှန်းမသိ ပြာပြာသလဲ အဝတ်တွေထုတ်ပေးလိုက်ရတာ လက်တွေတောင်တုန်နေသည်။
ဘယ်သွားမှာမှန်းလဲမသိတာကြောင့် အဆင်ပြေမယ်ထင်သည့် မျက်စိတည့်ရာတစ်စုံထုတ်ထားလိုက်သည်။
YOU ARE READING
ပုံပြင်မဆန်သောပုံပြင်
Fanfiction- တကယ်တမ်းတော့ အချစ်သည် ရိုးရှင်းစွာ ချစ်နေရုံပင် ဖြစ်ပါသည်။ - တကယ်တမ်းတော့အချစ်သည်ရိုးရှင်းစွာချစ်နေရုံပင်ဖြစ်ပါသည်။ (Unicode+zawgyi) KY/BL/1st creation enjoy ~