Unicode
8:30am
' ဒေါက် ဒေါက် ဒေါက် '
တံခါးခေါက်သံအဆုံးမှာ ဝင်လာတဲ့ အတွင်းရေးမှူးမလေးက ရိုရိုကျိုးကျိုးဟန်လေးဖြင့်
" Mr.Park
ဒီနေ့ နေ့လည်1နာရီခွဲမှာ ဥက္ကဌကြီးရဲ့ လုပ်ငန်းခွင်မှာ Teamအလိုက် တိုးတက်မှုရှိမရှိ Presentationရှိပါတယ်။
3နာရီလောက် ကြာမယ်လို့ ထင်ပါတယ်။
presentationပြီးရင် အရင်အပတ်က Mr.Wuလာအပ်သွားတဲ့ 'Hometown' car parking projectအတွက် designဆွေးနွေးဖို့ရှိပါတယ်။
အကယ်၍ Mr.Parkအဆင်မပြေရင် မနက်ဖြန်ကုိ ရွှေ့့ပေးရမလားရှင့် "ကျွန်တော်တို့ကုမ္ပဏီမှာ လုပ်ငန်းသဘောအရ teamလေးတေ ွခွဲပေးထားသည်။
ကျွန်တော်တို့၏ Decoration&Designဆိုသည့် အဆောက်အဦပုံကြမ်းနှင့် အိမ်အလှဆင်ရသည့့်D&Dက တစ်ခု၊
Raw&Costဆိုသည့် ဆောက်လုပ်ရေးကုန်ကြမ်းရှာဖွေရေးနှင့် စျေးနှုန်းတွက်ချက်ရေးR&Cကတစ်ခု၊
Ground&Constructionဆိုသည့် မြေနေရာလေ့လာရေးနှင့် ဆောက်လုပ်ရေးG&Cကတစ်ခု၊
ElectricTeamဆိုသည့်လျှပ်စစ်ဌာနETကတစ်ခု၊
BalanceTeamဆိုသည့် အထက်ပါteamများကို ညှိနှိုင်းကာ လိုအပ်သည်များကို စီစဉ်ပေးရသောBTကတစ်ခု၊
စုစုပေါင်း5ခုခွဲထားသည်။
ကျန်တဲ့team4ခုလုံးက ကျွန်တော်တို့team၏ designကိုကြည့်၍ မြေနေရာချိန်ညှိခြင်း၊ အဆောက်အဦဆောက်ရန် လိုအပ်သည်များဝယ်ခြင်း စသည်တို့ကိုပြုလုပ်ရသဖြင့် ကျွန်တော်တို့teamက အဓိကဟုပင်ပြောနိုင်သည်။* 4နာရီခွဲ.....? 4နာရီခွဲမှပြီးမှာပေါ့.....?
အိပ်ငိုက်ရင် ဒုက္ခပါပဲ။
မနေ့ညကလဲ လန့်လန့်နိုးနေတာ။
ဟင်း......ငါလေးတော့ မျက်ကွင်းတွေ ညိုကုန်တော့မှာပဲ...
ဒါပေမဲ့လဲ...... *" မရွှေ့့ပါနဲ့။
4နာရီခွဲpresentationပြီးတာနဲ့ projectအတွက် designထုတ်မယ်။ "" ဟုတ်ကဲ့ရှင့်။ "
* အလုပ်က အလုပ်ပါပဲလေ... *
YOU ARE READING
ပုံပြင်မဆန်သောပုံပြင်
Fanfiction- တကယ်တမ်းတော့ အချစ်သည် ရိုးရှင်းစွာ ချစ်နေရုံပင် ဖြစ်ပါသည်။ - တကယ်တမ်းတော့အချစ်သည်ရိုးရှင်းစွာချစ်နေရုံပင်ဖြစ်ပါသည်။ (Unicode+zawgyi) KY/BL/1st creation enjoy ~