9

767 122 6
                                    

Unicode

Friday

" heyyy Chanyeol "

Car parkingတွင် baekhyunသည် ကျွန်တော့်ကို လက်ပြ၍ လှမ်းခေါ်လေသည်။

" Heyy morning!
ဘာလဲ Baek? "

" အဟင်း။ "

" ဘာ အဟင်း လဲ။
ပေါက်ကရတွေ ကြံစည်မနေနဲ့။
ငါသွားပြီ။ ဒီနေ့Friday nightဆိုတော့ တိုက်ခန်းမှာ အေးဆေး အနားသွားယူမလို့။ "

" တစ်ပတ်လုံး မျက်နှာချင်းမဆိုင်ဘဲ ရှောင်နေခဲ့တာ ဒီညတော့ အတိုးချပြီး ချစ်တော့မယ်ပေါ့။ "

" ဘာကို....လဲ။ "

* ဘာ!!!! ဒီကောင်!!! *

" မင်းပဲ သွားချစ်လိုက်!!
ငါက ငါ့ကြောင်လေးကိုလဲ သွားကြည့်မလို့။ တစ်ပတ်တစ်ပတ် ခွဲနေရတာ ငါ့အသည်းတွေ ကွဲနေသလိုပဲ :'( "

" ဝင်္ကဝုတ္တိအလင်္ကာနဲ့ ရင်ဖွင့်နေတာ? "

" byun baekhyun!
မင်းပြောစရာရှိတာသာ ပြော။
Projectတွေပြီးပြီဆိုပြီး ယွမယ်တော့မကြံနဲ့။ "

" အေးကွာ။ ဒီတစ်ပတ်တော်တော် ပင်ပန်းတာ။ ဒါကြောင့် relaxဖြစ်သွားအောင်.......Clubသွားကြစို့!! "

* လာပြန်ပြီ။ *

Baekhyunဘာကြောင့် clubကိုပဲ အမြဲသွားချင်နေမှန်း ကျွန်တော်စဉ်းစား၍မရ။

" အေး။
အဲ့clubမှာ ဘာရှိလို့လဲ။
မင်းရည်းစားရှိလို့လား။ "

" ahee မင်းကလဲကွာ အပျော်ပေါ့။
မသွားရတာ ကြာပြီလေကွာ။
ပြီးတော့ မင်းအတွက် အလန်းလေးတွေလည်း ရှာလို့ရတာပေါ့။
မင်းWu Yifanကို ဂရုမစိုက်ပဲ နေနိုင်ပြီဆို? နောက်တစ်ယောက်ရှာပေါ့ကွ။ "

" Wu Yifanကို ငါမေ့နိုင်ပြီဆိုတိုင်း နောက်တစ်ယောက်ရှာစရာလားဟ :3
ငါစိတ်မဝင်စားဘူး။ "

" လုပ်ပါကွာ။
မင်းဘယ်လောက်ပဲပြောပြော မင်းချစ်ခဲ့တဲ့လူပဲ။
အခုအချိန်မှာ သူပေးဖူးတဲ့ ဂရုစိုက်မှုတွေ လိုအပ်နေဦးမှာပဲလေ။
ဒီလိုနဲ့ မင်းပြန်စိတ်ယိုင်သွားရင် ဘယ်လိုလုပ်မလဲ။
တစ်ခြားတစ်ယောက်အပေါ်မှာ စိတ်နှစ်ထားရင် ပိုမကောင်းဘူးလား။ "

ကျွန်တော် တွေသွားမိသည်။
Baekhyunပြောသည်ကို ကျွန်တော်ငြင်းတော့ မငြင်းနိုင်ပါ။
အမှန်တွေပါနေသည်ပဲ။
သို့သော် ကျွန်တော်မသေချာ။
ဘာကို မသေချာမှန်းတော့မသိ။
Wu Yifanထံ အာရုံမရောက်ဖို့ လိုသည်တော့ သေချာသည်။

ပုံပြင်မဆန်သောပုံပြင်Where stories live. Discover now