Part 5

21.3K 526 19
                                        


(Unicode)

မနက်ရောက်တော့ Fin ကအစောကြီးပဲ ထွက်သွားခဲ့တယ်။အဲ့တော့ ကျွန်တော်လည်းရေမိုးချိုးအ၀တ်စားလဲပြီး ကုမ္ပဏီကို သွားခဲ့တယ်။ကုမ္ပဏီကိုရောက်တော့ Jimmy က ဘာမှမဖြစ်ခဲ့သလို ပုံမှန်ပဲနေခဲ့တယ်။ဒါပေမယ့် ကျွန်တော်အားနာနေမိတယ်။
"အကို ကျွန်တော်မနေ့က ပြောခဲ့တာကို မေ့လိုက်ပါ ကျွန်တော့် ခံစားချက်တွေ ပြင်းထန်လွန်းလို့ဖြစ်သွားတာပါ"

"အင်း ရပါတယ် Jimmy ရယ် အကို့ စိတ်ထဲဘယ်လိုမှမထားပါဘူး ဒါပေမယ့် Jimmy အကိုလည်း မင်းကို တောင်းပန်ပါတယ် မင်းက အကို့ဘေးမှာ အမြဲရှိနေပေမယ့် အကိုကတော့ မင်းဘေးမှာရှိမပေးနိုင်ဘူး ဒါပေမယ့် မင်းဘေးမှာရှိနေပေးနိုင်မယ့်သူက ‌တစ်နေ့ရောက်လာမှာပါ။အကိုကတော့ Falin တစ်ယောက်တည်းကိုပဲ ချစ်နိုင်တာ မလို့ပါ"

"ဟုတ် ကျွန်တော်နားလည်ပါတယ်အကို။ ရပါတယ် ကျွန်တော့်ဘက်ကချစ်နေရရင်ပဲ ကျေနပ်ပါတယ်😊"

အဲ့လိုပြောပြီး ထွက်သွားတယ့် Jimmy ကျွန်တော် သူ့ကိုငယ်ငယ်တည်းက ညီအရင်းတစ်ယောက်လိုပဲ ခင်ခဲ့တာ။အခုလိုမျိုး သူ့ဆီက ဖွင့်ပြောခံရလိမ့်မယ်လို့ တခါမှ မတွေးဖူးဘူး။ဒါပေမယ့် သူ့ကိုချစ်တယ့် သူကို တွေ့ရမှာပါလေ။
အလုပ်တွေပြီးတော့ ကျွန်တော်စောစောပြန်ဖို့လုပ်ခဲ့တယ်။အဲ့အချိန်မှာ Fin က ကျွန်တော့်ကို ဖုန်းလှမ်းဆက်တယ်။

"Hello ကိုကို"

"Hello Fin ဘာလို့လဲ"

"ကိုကို့ကို အကူအညီ တခုလောက်တောင်းချင်လို့ ကိုကိုအခုဘယ်မှာလဲ"

"ကိုကိုအခု ပြန်လာတော့မှာ Fin ဘယ်မှာလဲ"

"ဓာတ်ပုံ studio မှာ "

" အဲ့တာဆို Fin အဲ့မှာပဲ စောင့်နေ ကိုကိုလာခေါ်မယ် ပြီးရင် ဆိုင်တစ်ဆိုင်ဆိုင် သွားကြတာပေါ့"

"ဟုတ် ကိုကို "

ခနကြာသော်.....

" Fin လာလေ တက် "

"ဟုတ် ကိုကို ဒီနားက စားသောက်ဆိုင်တခုခု ကိုပဲ သွားလိုက်ကိုကို "

"ဟုတ်ပါပြီဗျာ ဒါနဲ့ သူက ......"

"ဪ သူ့နာမည်က Harry တယ့်။Harry ဒါက ငါ့ရဲ့ အကို ချစ်သူပေါ့🤭 Mr.Falcaoတယ့်"

My Brother Or Husband🔞(U+Z)(Complete)Where stories live. Discover now