Side Story 1 ❣️Dennis x Jimmy❣️ Part1

6K 186 15
                                        

Unicode

စီးပွားရေးလောကမှာ Top 10 ၀င်ပြီး ရုပ်ရည်ရော ခန္ဓာကိုယ်ရော ပညာအရည်အချင်း‌ရောပိုက်ဆံရော ပြောစရာမလိုအောင် ပြီးပြည့်စုံတယ့် အမျိုးသားတစ်ယောက်။မိန်းကလေးတွေကြားမှာ ရေပန်းစားပြီး ယောင်္ကျားလေးတွေကပါ အားကျတယ့် Dennisဆိုတယ့် လူက Jimmy ဆိုတယ့် သာမာန်အတွင်းရေးမှူးလေး ဆီမှာ ကျရှုံးပြီး အချစ်ရူးကြီး‌ဖြစ်နေရတယ်။

အချစ်ရူးရုံတင်မကဘူး အချစ်ကြောင့်မူးလို့ အချစ်ပစ်သွားတာ ခံခဲ့ရတယ်လေ။သူသိပ်ချစ်ရတယ့် Jimmy က သူနှောင့်ယှက်မှာကြောက်လို့ နိုင်ငံခြားကိုထွက်သွားခဲ့ပြီ။နောက်တနေ့မနက်သူနိုးလာတယ့်အချိန်မှာ ရင်နာစရာကောင်းတယ့် စာလေးတစ်စောင်ပဲချန်ခဲ့တယ်။အဲ့ဒါကြောင့် သူ Jimmy ကိုတောင်းပန်ဖို့အတွက်ဖုန်းတွေဆက်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်လို့ပဲပြောနေတယ်။ဒါကြောင့် သူနောက်ဆုံးတော့ Falcao ကိုဆက်ပြီး အကြောင်းစုံပြောပြဖို့အတွက် ဆုံးဖြတ်လိုက်တယ်။

"Hello Falcao"

"ဟုတ်ကဲ့ အကို Dennis ဘာကိစ္စရှိလိုလဲခဗျ"

"ငါမင်းကို ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တယ့် အရေးကြီးပြောစရာတခုရှိတယ်။အဲ့‌တာကြောင့် xxx coffeeဆိုင်ကို လာတွေ့လို့ရမလား"

"ဟုတ်ကဲ့ရပါတယ်"

"မင်းရော Falin ရောနှစ်ယောက်လုံးနော်"

Falcao ခမျာ J ကိုက်ပြီး မျက်စိမျက်နှာပျက်ဖြစ်ကာဖြင့်

"ဘာကိစ္စမလို့ Falin ကိုပါခေါ်လာရမှာလဲ"

(အာ ဒီကောင်လေး ငါ Falin ကိုကြိုက်နေတယ်မှတ်ပြီး J ကိုက်နေပြီနဲ့တူတယ်)

"Jimmyနဲ့ပတ်သတ်တာမလို့ပါ"

အဲ့လိုကျမှ မျက်နှာကပြန်လျှော့သွားပြီး လေသံပါပြောင်းကာ

"ဟုတ်ကဲ့ အကို Dennis"

(အေးပါကွာ ငါက သူ့အထက်ကလူဖြစ်ပြီး သူ့ကိုပြန်ကြောက်နေရတယ်)

Falcao ကိုကြောက်ရတယ့်အကြောင်းကတော့ Jimmy ကသူ့ကိုကြိုက်နေတာမလို့ သူ့ကိုအပူကပ်ပြီး ပြန်လာဖို့ဖျောင်းဖျခိုင်းရမှာမလို့ပါ။

My Brother Or Husband🔞(U+Z)(Complete)Where stories live. Discover now