Unicode
ည12နာရီ
တီ တီ တီ
"ကားဟွန်းသံ ကိုကို ပြန်လာပြီပဲ။ဟွန့် လူဆိုးကြီး ငါ့ကို လာချော့ရင် မသိချင်ယောင်ဆောင်နေဦးမယ်"
အောက်ထပ်တွင်
"ကိုကြီး ဘာလို့ ဘာအဆက်အသွယ်မှ မလုပ်ဘဲ ပြန်လာတာလဲ။Fin က တချိန်လုံးငိုနေတာ"
"Sorry ပါ Harryရာ။နက်ဖြန် နေ့လည်၂နာရီ မြို့ပြင်နားက ကော်ဖီဆိုင်ကို မင်းတစ်ယောက်တည်းလာခဲ့။Fin ကိုလုံး၀မပြောနဲ့နော်။အဲ့ကျ ကိုကြီး မင်းကို အကုန်ပြောပြမယ်"
"အခု ဘယ်သွားမလို့လဲ"
"လိုတယ့် အ၀တ်တွေလာယူတာ။ပြီးရင်အခုတခါတည်းပြန်သွားမှာ"
"မှောင်နေပြီ ကိုကြီး အန္တရာယ်များတယ်။မနက်မှစောစောထပြန်ပါလား။ဒီညဒီမှာပဲ အိပ်လိုက်တော့လေ"
"လုံး၀မဖြစ်လို့ပါ Harryရာ။ဒီမှာနေရင် ကိုကြီးရူးသွားလိမ့်မယ်"
မျက်လုံးတွေရော နှာခေါင်းတွေပါနီနေပြီး မျက်ရည်တွေနဲ့ပြောနေတယ့် Falcao ကြောင့် Harry ကတော့ ကြောင်တောင်တောင်ဖြစ်နေခဲ့တယ်။ Harry လည်း တခါမှမမြင်ဖူးတယ့်ပုံစံနဲ့ Falcao ကို မြင်လိုက်ရတာကြောင့် လန့်ပြီး ဘာမှဆက်မပြောတော့ဘဲ
"ဟုတ် ဟုတ် ကိုကြီး"
Falcao ကတော့ သူလိုတယ့်အ၀တ်တွေကိုယူပြီး သူလာချော့မှာကိုစောင့်ရင်း အိပ်ပျော်သွားတယ့် Fin ဆိုတယ့် ကောင်ငယ်လေးကို ကြည့်ပြီး အသံတိတ်ငိုကြွေးကာ စိတ်ထဲက တောင်းပန်စကား အကြိမ်ကြိမ်ပြောရင်း အခန်းထဲကထွက် အောက်ထပ်ဆင်းပြီး ကားကိုမောင်းကာ မြို့ပြင်က အိမ်ကို ပြန်ထွက်လာခဲ့တယ်။
"ဘာ!!!!!! ကိုကိုက ညက မြို့ပြင်ကို ပြန်ထွက်သွားတယ်ပေါ့ အဟင့် အီး ဟီး ဟီးးး။ကိုကိုက ငါ့ကိုတကယ်မချစ်တော့ဘူးပဲ😭"
"ကို Fin ရယ် အရမ်းမငိုပါနဲ့ သတိထားပါဦး"
သူ့ချစ်ရသူက သူ့ကို မချစ်တော့လို့ထားသွားပြီဆိုတယ့်အတွေးနဲ့ရက်ပေါင်းများစွာ အစားကောင်းကောင်းမစားဘဲ ငိုနေတာကြောင့် အားပျက်ပြီး သတိလစ်သွားလို့ ဆေးရုံတောင်တင်လိုက်ရပေမယ့် သူချစ်ရတယ့် သူ့ကိုကို ကတော့ရောက်မလာခဲ့ပါဘူး။
____________________________
YOU ARE READING
My Brother Or Husband🔞(U+Z)(Complete)
Romanceဇာတ်လမ်းအကျဉ်းလေးကတော့ မွေးစားခံထားရတယ့် ညီလေးကို အကိုဖြစ်သူက စားမှာပါ မွေးပြီးစားတာပေါ့
