Part17

7.9K 249 13
                                        

Unicode

Finနဲ့ကိုကိုလည်း မနက်စာနဲ့ နေ့လည်စာပေါင်းစားပြီး Harry တို့စုံတွဲနဲ့ အတူ TV ထိုင်ကြည့်နေကြတာပေါ့။ပိတ်ရက်က‌နည်းတော့ ဒီလိုအချိန်မျိုးဆိုတာ Finအတွက်တော့ အရမ်းရှားတယ်။ငယ်ငယ်တည်းက မိဘတွေမရှိတော့ Finအတွက် ကိုကိုက အနီးဆုံးမှာရှိနေတယ့် တစ်ဦးတည်းသော မိသားစုဝင်ပါပဲ။ကိုကို သာအနားမှာရှိနေရင် အရမ်းပျော်ပြီး ဘာအခက်အခဲပဲ ဖြစ်ဖြစ်ရင်ဆိုင်နိုင်တယ်။

ကလင် ကလင်.....

"ဟယ်လို Jimmy ပြော"

"သူဌေး မြို့ပြင်က စီမံကိန်းကို မနက်ဖြန်လာကြည့်ပေးပါဦးတယ့် ပြီးရင် တခြားရှယ်ယာရှင်တွေနဲ့ ဆိုက်ထဲကို တစ်ယောက်တလှည့် စစ်ရပါမယ်တယ့်"

" မြို့ပြင်မှာဆိုတော့ ငါညအိပ်ရမှာပေါ့"

"ဟုတ်ကဲ့"

"အင်း အဲ့တာဆို လိုတာလေးတွေ ကြည့်စီစဉ်ထားလိုက်နော် ဘယ်နှစ်ရက်လောက်ကြာနိုင်လဲ"

"ဟုတ်ကဲ့ပါ 4 ရက် 5ရက်လောက်ပေါ့"

"အော် အင်း အင်း အဲ့တာဆို ဖိုင်တွေနဲ့လိုအပ်တာတွေအဆင်သင့်လုပ်ထားလိုက်။ဒါ‌ပဲနော် Jimmy "

"ဟုတ်"
____________________________

"ကိုကို့ အကို Jimmy ဘာပြောတာလဲ"

"ကိုကို နက်ဖြန် ခရီးသွားရမယ်တယ့်။Fin လိုက်ချင်လား"

"ကိုကိုက အလုပ်ကိစ္စနဲ့သွားမှာ မလား Fin မလိုက်တော့ပါဘူး။ပြီးရင် Harry နဲ့ Kiritoလေးလည်း ရှိနေတာပဲ။ကိုကိုသာ ဂရုစိုက်သွား Fin ကိုစိတ်မပူနဲ့"

အရင်လိုစိတ်သာဆိုရင်လိုက်မှာဖြစ်ပေမယ့် ကိုကိုက Fin ကိုပဲချစ်တယ်။Fin အပေါ်ဖောက်ပြန်မှာမဟုတ်ဘူးဆိုတာယုံကြည်တယ်။ကိုကိုကလည်း Fin အပေါ်ကို ယုံကြည်မှုအပြည့်အ၀ပေးတယ်။ဒါကြောင့် ကိုကို့ကို လိုက်မရှုပ်တော့ဘဲ ယုံကြည်မှုပြန်ပေးချင်တယ်။

"အင်းပါ ကိုကိုက ကိုကိုမရှိတယ့်အချိန် Fin ပြန်ပြီး နေမကောင်းဖြစ်စိုးလို့ပါ"

"ရပါတယ် ကိုကိုရယ့် Fin ကိုယ့်ကိုယ်ကို ဂရုစိုက်မှာပေါ့"

"ဟုတ်ပါပြီ အာ့ဆို ကိုကို စိတ်ချမယ်နော်"

My Brother Or Husband🔞(U+Z)(Complete)Where stories live. Discover now