Part 22

7.1K 240 17
                                        

Unicode

Uncle _ "သူ Kirito ကိုမွေးပြီးတော့လည်း Adrian ရဲ့သွေးသားမို့ သိပ်ချစ်ခဲ့ပေမယ့်လည်း သူ့ကိုသစ္စာဖောက်တယ့်လူရဲ့ သွေးသားမလို့ဆိုပြီး သတ်ပစ်ဖို့ ခဏခဏကြိုးစားခဲ့တယ်။နောက်ဆုံးကျ ဦးလေးလည်း Kirito ကိုမိဘမဲ့ဂေဟာကိုပို့ပြီး Molly ကိုတော့ ကလေးသေသွားပြီဆိုပြီး ပြောပြီး သူ့ကို စိတ်ကျန်းမာရေးဆရာ၀န်နဲ့ပြပေးခဲ့တယ်။စိတ်အခြေအနေတော်တော်လေးလည်း ကောင်းလာခဲ့တယ်။သူအဂ်လန်နိုင်ငံကို လာပြီးသားတို့နှစ်ယောက်နဲ့လည်း အဆင်ပြေပြေပြောဆိုနိုင်တယ်။ပြီးတော့ Kirito ကိုလည်းမွေးစားဖို့ဆိုပြီး ပြန်ခေါ်လာ‌တယ်။ဦး‌လေးတို့ သုံးယောက်လည်းတကယ့်မိသားစုလို ပျော်ပျော်ရွှင်ရွှင်လည်းနေနေတော့ အကုန်အဆင်ပြေနေပြီထင်ခဲ့တာ။ဒါပေမယ့် သူသားတို့ဆီကို Kirito ကိုလာပို့တုန်းက သူ့လျှို့ဝှက်အခန်းထဲကို ဦးလေးမတော်တဆရောက်သွားတယ်။အဲ့မှာ ဒီအကြောင်းတွေအကုန်လုံးကိုရေးထားပြီး လက်စားချေမယ့်အစီအစဥ်ကိုလည်း အစအဆုံးရေးထားတယ်။အဲ့တာကြောင့် သားတို့ကို လှမ်းပြောမယ်ဆိုပြီး ဖုန်းဆက်ဖို့လုပ်တာမှာ သူ့တပည့်တွေက မိသွားပြီး ဦးလေးကို ဖမ်းချုပ်ထားတော့တာပဲ။ပြီးတော့ Molly လည်း ညတွင်းချင်းတန်းပြန်လာပြီး ဦးလေးကိုနေ့တိုင်းနှိပ်စက်နေတာ။ပြီးရင် Kirito ကိုလည်းသူခိုင်းတာလုပ်ဖို့ အသုံးချထားသေးတယ်တယ့်"

Falcao _ "ဪ အဲ့တာကြောင့်မလို့ စရောက်လာတယ့်နေ့တုန်းက အလုပ်ရှိတယ်ဆိုပြီး ညတွင်းချင်းတန်းပြန်သွားတာကို"

Nurse _ "လူနာနှစ်ယောက်လုံးရိုးရိုးခန်းထဲမှာ သတိပြန်ရနေပါပြီနော်"

Falcao _ "ဟုတ်ကဲ့ ကျွန်တော်တို့ အခုလာခဲ့ပါမယ်။ ဦးလေး နားနားနေနေ နေဦးနော်။ခဏနေရင် Jimmy ကိုလွှတ်လိုက်မယ် လိုတာရှိရင်ခိုင်းလို့ရအောင်"

Uncle _ "အေးပါ ငါ့တူရယ်"

Harry _ "သွားခွင့်ပြုပါဦးနော် ဦးလေး"

Uncle _ "Harry သား ခဏလေး"

Harry _ "ဟုတ်ဦးလေး"

Uncle _ "သားနဲ့ Kirito ကချစ်သူတွေမလား"

Harry _ "ဟုတ်ပါတယ်ဦးလေး"

Uncle _ "ဦးက Kirito ရဲ့အဖေလိုဖြစ်နေတယ့်အတွက် သားသာ သူ့ကိုတကယ်ချစ်တယ်ဆိုရင် ဦးလက်မခံနိုင်စရာမရှိပါဘူး"

My Brother Or Husband🔞(U+Z)(Complete)Where stories live. Discover now