Part20

6.8K 239 11
                                        

Unicode

"အဲ့တာဆို Fin ကိုဘယ်သူတွေလာခေါ်သွားတာလဲရော သိလား"

"ကျွန်တော် ကိုFin ဘေးမှာစောင့်နေတုန်း တံခါးခေါက်သံ‌ကြားလို့ ဆရာ၀န်ဆေးစစ်ဖို့ လာတယ်မှတ်ပြီး တံခါးဖွင့်ပေးလိုက်တာ။ကျွန်တော့်ကို နောက်ပြန်ထားလက်ကိုချုပ်ပြီး ပုဝါနဲ့အုပ်လိုက်တာ ခေါင်းတွေမူးပြီး တန်းအိပ်ပျော်သွားတာ ဘယ်သူတွေလည်းဆိုတာ မမြင်လိုက်ရဘူး"

"အာ့ဆို မင်းနိုးလာတယ့် အချိန်နဲ့ Fin ကို ဖမ်းသွားတယ့် အချိန်တော်တော် ကွာဟနေပြီပေါ့"

"ဟုတ်လောက်တယ်ကိုကြီး။ကိုFin ကိုကယ်ပေးပါ နော် ကိုကြီး"

"အေးပါကွာ"

ကလင် ကလင်

"ခနလေးနော် ကိုကြီး Jimmy ကို စုံစမ်းခိုင်းထားတာသိရပြီလား မသိဘူး။ဖုန်းဆက်နေလို့ ကိုင်လိုက်ဦးမယ်"

"Hello အင်း Jimmy ဘာသိရပြီလဲ"


"Daddy"

"ခဏလေး ကိုယ် မင်းကို စိတ်ပျက်မိတယ်။ဘယ်လောက်ပဲမလွန်ဆန်နိုင်ဘူးဆိုဆို ဒီလောက်ထိ ဖြစ်လာအောင်ကွာ........တောက်"

"Baby သိပါတယ်။ဒါပေမယ့် Baby Daddy အပေါ်မှာ ထားတယ့်ခံစားချက်တွေက တကယ်ပါ။Daddy ကြောင့်ပဲ Baby ဘ၀လေးက သာယာလာခဲ့တယ် အရာရာကိုရင်ဆိုင်ဖို့ သတ္တိ‌ တွေရှိလာခဲ့တယ်။ဒါပေမယ့် Baby အမှားတွေအတွက်တောင်းပန်ပါတယ်။ဒီကိစ္စတွေအားလုံးပြီးရင် ဒီကထွက်သွားမှာပါ"

သူပြောတယ့်စကားတွေထဲမှာ အလိမ်အညာမပါဘူးဆိုတာ သူ့ခန္ဓာကိုယ်လေးက သက်သေပြနေတယ်။သူလည်း ဘယ်လိုမှမတတ်သာလို့သာလုပ်ရတာ ဘယ်လောက်ထိကြောက်နေလိုက်မလဲ။သူ့တကိုယ်လုံးကိုတုန်နေတာပဲ။ကျွန်တော်လည်း ဘယ်လောက်ပဲစိတ်တိုတို ဒါတွေက သူလုပ်ချင်လို့မှမဟုတ်တာဆိုတယ့်စိတ်နဲ့ပဲ အပြင်ကို ထွက်သွားဖို့တံခါးကိုလှမ်းကိုင်နေတယ့် သူ့ကိုယ်လုံးလေးကို အနောက်ကနေသိုင်းဖက်လိုက်တယ်။

"Dad Daddy"

"Daddyတောင်းပန်ပါတယ်။Daddy စိတ်ရှုပ်ပြီး ဒေါသထွက်သွားလို့ပါ"

"ဟင့်အင်း တောင်းပန်ရမှာ Baby ပါ။Baby ကသာ အမှားလုပ်ခဲ့တာပါ။ဒါပေမယ့် အခုလို Baby ကိုဖက်ပေးထားတော့ Baby ကြောက်နေတာတွေစိုးရိမ်တာတွေပျောက်သွားသလိုပဲ ကျေးဇူးပါ Daddy"

My Brother Or Husband🔞(U+Z)(Complete)Where stories live. Discover now